[Zawgyi]
ငယ်သူငယ်ချင်းရေ....အခုတော့ ငယ်ကျွမ်းဆွေ...🎼🎼🎼🎼အခုလိုပြန်လည်စုံတွေ့ရတာ ဝမ်းသာမဆုံးနိုင်ပေ....🎼🎼🎼🎼🎼....
ဓာတ်ဆက်ဆီမှ လွင့်ပျံ့လာသည့် သီချင်းသံကြီးက တစ်ရွာလုံးကို ဖုံးလွှမ်းနေတော့သည်။မကြာမီအတောအတွင်းမှာ သူငယ်ချင်းတွေကြား သူတစ်ယောက်ထဲယောင်ချာချာကျန်နေခဲ့တော့မည်ကို တွေးမိသွားပြီး ချက်စူတစ်ယောက် သက်ပျင်းလေးကြီး ချမိလေသည်။
နောက်ရက်ဆို ငကြွက်ကြီး၏မင်္ဂလာဆောင်ပင်ရောက်တော့မည်။ရွာထဲရှိ သတို့သမီးလောင်း၏အဖိုးအိမ်တွင် အလုပ်အကိုင်အတွက်ပြင်ဆင်နေကြသည်မို့ ရွာထဲတွင်တော့ ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ကြက်သားဟင်းရော ဝက်သားဟင်းရောကိုတစ်ရွာလုံးမီးခိုးတိတ်ကျွေးမည်ဟုလဲပြောနေကြသေးသည်။
အလုပ်အကိုင်နေ့မတိုင်ခင်ကတည်းကအားလုံးက ကိုယ်စီအလုပ်ရှုတ်နေကြလေတော့သည်။ငကြွက်ကလဲ သတို့သမီးလောင်းအနားကပ်နေတာမို့ ချက်စူမှာ သူတစ်ယောက်ထဲကွဲထွက်နေသည်ကိုပင်အားပင်ငယ်မိသေးသည်။တုတ်ကြီးဆိုသည့်ကောင်ကလဲ ကူလုပ်စရာရှိတာ ကူပြီးတာနှင့်သူ့ဇနီးလေးနားပဲကပ်နေလေသည်။
ရွာထဲရှိအပျိုလူပျိုတို့ကလဲ အတွဲကိုယ်စီနှင့်မို့သူ့မှာ မိဘတွေကိုပင်အပြစ်ဖို့မိလိုက်သေးသည်။ဘယ်မလဲ သူ့အတွက်တရားမျှတမှု။
ရွာလမ်းဆီမှ လယ်ကွင်းတွေဘက်ထိအောင်သူလမ်းလျှောက်လာလိုက်သည်။ငကြွက်ကိုတောင်သဘောတူထားသည့်သူရှိသေးတယ်...အဖေတို့အမေတို့က ဘာကြောင့်သူ့အတွက်ကြို ပြီး ရှာမပေးထားတာလဲဆိုပြီး ပြသနာရှာမိလို့ အခုလေးတင်ပဲ အိမ်ကအနှင်ချခံလာရတာမဟုတ်လား။
သူရင်ခံပါသည်။သူငယ်ချင်းသုံးယောက်ရှိတာ...ဟိုနှစ်ကောင်ကကျ ကိုယ်စီကိုယ်စီအိမ်ထောင်ကျပြီး သူပဲကျန်ခဲ့တာလေ...။
သူလူငယ်တုန်းကဆို သူ့ထက်ကြီးတဲ့သူတွေကအိမ်ထောင်ပြုနေကြတော့ အားကျလိုက်မိသေးသည်။ယခုသူအသက်ကြီးလာတော့ ရွယ်တူတွေကော ငယ်သူတွေကော ယူကုန်ကြပြီ ဘယ်မလဲ သူ့အလှည့်။ရောက်မလာသေးတာလား...ကျော်သွားတာလား။