[Zawgyi]
"ကျွန်တော့်ကို ဘယ်တုန်းက စချစ်တာလဲ လို့"အိမ်ရှေ့ခန်းတွင် လှဲအိပ်နေသည့် အိမ်ကလူအနားတွင် ဒီမင်းနောင်နောင်က မှောက်ရပ်လှဲလိုက်ရင်းမေးလိုက်လေသည်။ဒီနေ့ မနက်တစ်ပိုင်းလုံး ရှားဝေယံနဲ့အတူ မင်္ဂလာဆောင်တွင် သွားကူပေးခဲ့ရတာကြောင့် တစ်ကိုယ်လုံးညောင်းညာနေတော့သည်။
"အင်း...ဘယ်လိုပြောရမလဲ.."
"ဒီလိုပဲပြောလိုက်လေ အိမ်ကလူကလည်း.."
"စတွေ့ကတည်းက."
သူ့ကိုငကြွက်နှင့်လူမှားပြီး ငိုယိုနေခဲ့တုန်းကတည်းက သူ့ရင်ဘက်တစ်နေရာကနေ ရုန်းကြွလာခဲ့ရသည်ကိုသူပြန်မှတ်မိနေသေးသည်။ငိုနေတဲ့ကလေးကိုဘယ်လိုချော့ရမှန်းမသိသည်မို့ နောက်များဆို မငိုအောင်ထားနိုက်ဖို့အတွက် ဒေါသကြီးရင် မိုးမမြင်လေမမြင်ဖြစ်သွားတတ်သည့် သူ့စိတ်တွေကို ထိုနေ့ကတည်းက ချိုးနှိမ်ထားခဲ့လိုက်သည်။
"ဟင်...မဟုတ်ပဲနဲ့.."
ဒီမင်းနောင်နောင်ကသူအသေအချာကိုမှတ်မိနေပါသေးသည်။အိမ်ကလူက စတွေ့ကတည်းက သူ့ကို အမျိုးမျိုးအနိုင်ကျင့်ခဲ့တာလေ။သူ့ကို ရှူးထွက်ကျအောင်လဲ လုပ်တယ်..၊ချော်လဲအောင်လဲ လုပ်တယ်၊ ပြီးတော့...။ ပြီးတော့...။အဲ....။သူကပြစ်ချက်တွေကို စဉ်းစားနေပေမယ့် ရှာမရပေ။
တုတ်ကြီးကတော့ ခြေထောက်လေးကို လှုတ်ကာသူ့ကို နှုတ်ခမ်းစူ၍ကြည့်နေသည့် ချစ်ဇနီးလေးကြောင့်တိတ်တိတ်လေးရယ်လိုက်မိသည်။
"သြော်..ကဲ...မဟုတ်ပဲနဲ့ကိုယ်ကပြောမလား...ကိုယ်က ဒါလေးကို အရိပ်တကြည့်ကြည့် နဲ့နေခဲ့ရတာ."
ဆံပင်လုံးလုံးလေးကို လက်ဖြင့်လှမ်းဖွလိုက်ရင်းပြောသည်။ဒီမင်းနောင်နောင်ကသူ့ယောကျာ်း၏ချစ်ခြင်းတွေဝေ့သီနေသည့်မျက်ဝန်းတွေကြောင့် သူ့မျက်နှာလေးမှာ မာန်တတ်သွားသည့်ပုံစံလေးပင်ဖြစ်နေလေသည်။
"ဟိ..ဟိ.."
အိမ်ကလူက သူ့ကိုဟိုးအရင်ကတည်းက ချစ်ခဲ့ရပြီး ကိုယ်ပိုင်ကုန်တိုက်ကြီးကလဲ သူ့အပိုင်ဖြစ်လာပြန်သည်။သူက ချောမောလွန်းသည့်ယောကျာ်း၏အချစ်တွေကို သိမ်းကြုံး ရထားရသည်မို့ လေပေါ်မြောက်နေသည့် ခံစားချက်မျိုး ခံစားနေရလေသည်။သူထင်ထားတာက သူကပဲ စချစ်ခဲ့ရသည်ဟုထင်ထားခဲ့ခြင်းသာ။ယခုတော့ တောသားဘက်က အရင်စချစ်ခဲ့တာတဲ့လား။