part11

17.7K 1.5K 120
                                    

[Zawgyi]
ဒီမင်းနောင်နောင်တို့ရောက်သွားလေတော့ လယ်ကွက်ထဲတွင်အလုပ်ရှုပ်နေသည့် အသားညိုညို ခပ်ထွားထွားလူက အပြေးတစ်ပိုင်း လာရောက်ကြိုဆိုလေသည်။

"တုတ်ကြီးပါလား...လာ..လာ..လက်ထဲကဟာတွေအကို့ကိုပေး..."

ထိုလူက ဖိုးထူဖြစ်လေသည်။နောင်နောင်၏ရှေ့မှသွားနေသောအိမ်ကလူလက်ထဲမှ ပစ္စည်းများအား အတင်းဆွဲယူလိုက်ရင်း သူ့အားပြုံးပြကာ တဲဘက်သို့ ခပ်သုတ်သုတ် ပြေးထွက်သွားလေသည်။

".ဟေ့..ကျော့ရှင်းရေ..ဒီမှာ ..တုတ်ကြီးလာတယ်..ဧည့်သည်လေးလဲ ပါလာတယ်..အကြမ်းအိုးလေးလုပ်ပါအုံး.."

အငွေ့တလူလူထွက်နေသည့်တဲအိမ်ကလေးအတွင်းမှ နအမျိုးသမီးတစ်ဦး၏နူးညံ့သောအသံတစ်သံနှင့်အတူ ကလေးလေးတစ်ယောက်က တဲအတွင်းမှပြေးထွက်လာလေသည်။

"ဟေ...ဟုတ်လား...ဖိုးလုံး ဦးလေးတုတ်ကြီးကိုသွားကြိုလိုက်လေ..သွား.."

တဲအိမ်ကလေးထဲမှပြေးထွက်လာသည့် ၈နှစ်ဝန်းကျင်ကလေးလေးက သူ့လက်အား လာပြေးတွဲလေသည်။ဒီမင်းနောင်နောင်ကသူ့အားမော့ကြည့်ကာ သွားကျိုးလေးဖြင့်ရယ်ပြနေသည့် ကလေးလေးအား ကြောင်ကြည့်လိက်မိသည်။

မျက်နှာတွင်လဲ အိုးမဲတို့ပေကျံနေကာ အကျိင်္ီလက်ပြတ်ဖြူဖြူကလေးကပင်အမဲရောင်သို့ပြောင်းနေလေသည်။

"သူက ဖိုးလုံးတဲ့..ကိုယ်ပြောတဲ့ကလေးလေ.."

တုတ်ကြီးက သူ့ဇနီးလေး၏လက်ထဲမှ ထမင်းတောင်းကို လက်လွှဲယူလိုက်ရင်းပြောလေသည်။

"အင်း..."

~ဒါဆိုသူက ဟိုမျောက်နဲ့တူတဲ့ကလေးပေါ့

"ဦးလေးတုတ်ကြီး..ဒီကိုကြီးကိုကျွန်တော်ခေါ်သွားပေးမယ်နော်.."

လက်တောက်လောက်အရွယ်သာရှိသည့် ထိုကလေးကသူ့ကိုယ်သူကျွန်တော်ဟုသုံးနှုန်းကာ ဒီမင်းနောင်နောင်၏လက်ကိုဆွဲ၍ တဲဆီသို့ပြေးသွားလေသည်။လေအလျင်လိုလျှင်မြန်လွန်းသည့်ကလေးစုတ်ကြောင့် ဒီမင်းနောင်နောင်မှာ မျက်နှာငယ်လေးဖြင့် အိမ်ကလူအားလှည့်ကြည့်လှည့်ကြည့်ဖြင့်ပါသွားလေသည်။

Mr Chef's Husband(complete)Où les histoires vivent. Découvrez maintenant