part35

12.3K 1K 94
                                    

[Zawgyi]
"မလိုက်တော့ဘူးလား မင်္ဂလာဆောင်.."

တုတ်ကြီးက ဒီမင်းနောင်နောင်အဝတ်လဲတာကိုစောင့်နေရင်း အိမ်အပြင်ဘက်တွင် ထိုင်နေသည့်ကျော်မောင်တို့ဆီလျှောက်သွားကာမေးလိုက်သည်။

"အင်း...မနေ့က ကိစ္စကြောင့်ရှားလေးကလန့်နေမှာ ...မလိုက်တော့ပါဘူး..ကွာ.."

ကျော်မောင်ပြောသည်မှာလဲ အကြောင်းသင့်လှသည်။မနေ့ကမီးတောက်တွေကြား ရှိနေခဲ့တာမို့ ကြောက်နေမည်မှာ အမှန်ပင်။ကောင်လေး၏မျက်နှာ ခပ်နွမ်းနွမ်းက သက်သေပင်မဟုတ်ပေလား။

"အေးပါ...အိမ်မှာတော့ ဘာမှ မရှိသေးဘူး...မင်းတို့ ဗိုက်ဆာရင် တခုခုလုပ်စားထားနှင့်နော်...ဘာမှ အားမနာနဲ့...ကိုယ့်အိမ်လိုပဲသဘောထား...သိလား..."

"အေး အေး ကျေးဇူးပါကွာ..."

တုတ်ကြီးက ဇနီးလေး၏ပရောဂလဲ မကင်းတာမို့ အားနာနာနှင့်မှာရလေသည်။ထိုစဉ်အိမ်အပြင်သို့ထွက်လာသည့်အိမ်သူသက်ထားလေးက အနားသို့လျှောက်လာသည်မို့ စကားလက်စပြတ်သွားတော့သည်။

လက်မောင်းကိုလာပြေးချိတ်သည့်လက်ကလေးကိုသူ့လက်တို့ဖြင့်တယုတယ ထပ်ကိုင်လိုက်ရင်း ကျော်မောင်တို့ နှစ်ယောက်အား ပြုံးပြလိုက်လေသည်။သူက လှည့်ထွက်ရန်ပြင်ပြီး ခြံထိပ်သို့ ဦးတည်ရာမှ ပြန်လှည့်လိုက်တော့သည်။

"ချက်ပြုတ်ရင် ဟိုကောင်လေးကို မချက်ခိုင်းနဲ့.."

"....."

တုတ်ကြီးက ထိုသို့ပြောလိုက်ပြီးနောက် ကွပ်ပျစ်ပေါ်တင်ထားသည့်ပါဆယ်ထုတ်အကြီးကြီးအား အသေအချာမကာ ထွက်လာလိုက်သည်။

နောက်တွင်ကျန်ခဲ့သည့်ကျော်မောင်မှာ မျက်ရည်ဝဲတဲတဲဖြစ်နေသည့်သူ့ကလေးလေးအား ချော့မော့နေရတော့သည်။

"စိတ်မကောင်းမဖြစ်နဲ့နော်...ကိုယ်ကရှားလေးကို ဘယ်တော့မှ မီးဖိုချောင်မဝင်ခိုင်းဘူး...ဘာလို့လဲ သိလား.."

"ဟင့်အင်း..."

အရိုးခံလေးပြန်ဖြေရှာသည့်အချစ်ခလေးအား ကျော်မောင်က ရင်ခွင်ထွေးပွေ့လိုက်သည်။ကျောပြင်လေးအား ငြင်ငြင်သာသာ ပွတ်သပ်ပေးးလိုက်ရင်း...

Mr Chef's Husband(complete)Where stories live. Discover now