part33

12.3K 1K 76
                                    

[Zawgyi]
အခန်းထဲထိုးထည့်ခြင်းခံလိုက်ရသည့်ကျော်မောင်တစ်ယောက် လေထုအေးစက်စက်ကြားမှာ သူ့လက်ဖဝါးတွေအား အချင်းချင်း မီးပွင့်မတတ်ပွတ်တိုက်နေမိသည်။ယခုအချိန် သူသာ အနောက်သို့လှည့်ကြည့်လိုက်မည်ဆိုလျှင် ကုတင်ပေါ်တွင်ရှိနေမည့်ကလေးငယ်ကိုမြင်တွေ့နိုင်မည်ဖြစ်သည်။

သူက စိတ်လှုပ်ရှားမှုကြောင့် အနောက်သို့လှည့်မကြည့်ရဲသေးပေ။သူဘယ်ဟာကိုအရင်စပြောရမယ်ဆိုတာလဲသူမသိဘူး။

ဒီလိုရုတ်တရက်ကြီး ဒီလိုအခြေအနေကြီးက တကယ်ကို အနေခက်လာသည်။

အခန်းဝတွင်သူ့အားကျောပေးကာရပ်နေသည့်ဆရာကိုကိုကြောင့် ရှားဝေယံ၊ ခေါင်းငုံ့နေမိသည်။သူကမရဲတရဲလေးဖြင့် ခပ်တိုးတိုးလေးခေါ်လ်ုက်လေသည်။ဆရာစိတ်ဆိုးနေမည်ဆိုးတာကြောင့်လဲ သူက ဝမ်းနည်းကာ ခြုံထားသည့်စောင်လေးကိုလုံးခြေနေမိသည်။

"ဆရာ ကိုကို!"

"ဟင်...သြော်...အေး..မင်း အိပ်ရတာအဆင်ပြေလား.....ညစာကော ဘယ်လိုလဲ စားကောင်းရဲ့လား"

~အာ...ဟာ...ဘာတွေပြောနေတာလဲကျော်မောင်...မင်းဦးနှောက်ပျက်သွားတာလား။လက်က သက်သာရဲ့လား...နာနေသလားတော့ အရင်စမေးရမှာပေါ့။
ငတုံး...ငတုံး။

ကျော်မောင်ကသူ့ပါးစပ်ကထွက်သွားသည့်စကားတို့ကြောင့် မျက်လုံးစုံမှိတ်လိုက်သည်။သူက လေပူကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ချက်ချင်းပြုံးကာ လှည့်ကြည့်လိုက်လေသည်။လက်နှစ်ဖက်ကို အနောက်သို့ပစ်ထားလိုက်ရင်း ကလေးငယ်ကိုကြည့်သည်။

ဝိုင်းစက်နေသည့် မျက်လုံးလှလှကလေးတွေက အံ့သြနေသည့်အရိပ်အယောင်တို့ယှက်ပြေးနေသည်။အေးပေါ့ အံ့သြသွားမှာပေါ့...ကိုယ်တောင် ကြောင်နေမိတာကို။

"ဗျာ...ဟုတ်...ဟုတ်ကဲ့.."

ရုတ်တရပ်ပြန်လည်တုံ့ပြန်လာသည့်အသံသေးသေးလေးကြောင့် ကျော်မောင်ကတုန်ရီနေသည့်လက်နှစ်ဖက်တွင်ကိုင်ထားသည့်စောင်ကို တင်းနေအောင်ဆွဲစုတ်ကိုင်မိသည်။

~ဘယ်လိုလုပ်ပြီး ဒီလောက်ချစ်စရာကောင်းနေရတာလဲ..။ဘယ်လိုပဲကြည့်ကြည့် အတင်းဖတ်ပြီး အနမ်းတွေပေးပစ်ချင်စရာ....။

Mr Chef's Husband(complete)Where stories live. Discover now