part44

11.1K 846 127
                                    

[Zawgyi]
ဂုဏ်ဒွေ ဒြပ်တွေထက်ပိုပြီးရိုးရှင်းတဲ့ဘဝကို ခုန်မင်ပါသည်။ကားလမ်းမကြီးပေါ်မှနေ၍ခပ်လှမ်းလှမ်းတွင်လှမ်းကာမြင်နေရသည့် ရွာအဝင်ဖြတ်လမ်းကလေးကို ငေးမျှော်ကြည့်လိုက်သည်။

သူက လက်ဆတ်သည့်လေတို့ကိုတဝရှူရှိုက်လိုက်ရင်း အဝတ်အိတ်ကိုဆွဲ၍ကားပေါ်ကဆင်းလိုက်သည်။

"လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်..."

ရွှင်ပြနေသည့်သူ့မျက်နှာကြောင့်ကားသမားဦးလေးကြီးက ပြုံးပြကာ နှုတ်ဆတ်ပြီး ကားပေါ်တတ်သွားလေတော့သည်။

"နောက်ဆုံးတော့ ဒီလူရှိနေတဲ့ ဒီမြေဒီရေဆီ ခြေလှမ်းချနိုင်ခဲ့ပြီ။"

လမ်းကလေးဆီခြေချလိုက်သည်နှင့်တပြိုင်နက် သူ့နှလုံးခုန်သံမှာ ပို၍မြန်ဆန်လာလေတော့သည်။ခြေလှမ်း တစ်လှမ်းဆီ ရှေ့တိုးလျှောက်လာလေတိုင်း မျှော်လင့်ချက်ရောင်ခြည်သမ်းလာသလိုမျိုး သူ့စိတ်နှလုံးမှာ အရောင်တောက်လာလေသည်။

ပျော်ရွှင်ခြင်း၊ ကြည်နူး ခြင်း ၊ဝမ်းသာခြင်း တို့ထပ်တူပေါင်းစပ်ထားသလို ခြေလှမ်းတိုင်းက တတ်ကြွလွန်းလှသည်။

ကမ္ဘာကြီးတစ်ခုလုံး ပန်းတွေပွင့်နေသလိုမျိုး လမ်းဘေးတွင်ပေါက်နေသည့် ခွေးသေးပန်းပင်ကလေးကပင်လှပနေသယောင်။

"ခြောက်နှစ်တောင်ကြာပြီဆိုတော့...ဘယ်လိုပုံစံများဖြစ်နေမလဲမသိဘူး.."

သူစိတ်လှုတ်ရှားလွန်းနေတာကြောင့် ခလုတ်တိုက်ပြီးလဲလုမတတ်ဖြစ်ရတာအကြိမ်ကြိမ်ပင်။

စတုတ္ထ အကြိမ်မြောက်ခလုတ်တိုက်အပြီးတွင်တော့ သူတကယ်ကြီး ချော်လဲသွားခဲ့သည်။အလောတကြီးနိုင်လွန်းတာကြောင့်ပျာတိပျာယာနိုင်နေသည့်သူ့ကိုယ်သူသတိထားမိပြီး ထိုင်ရာကနေမထမိပဲ ရယ်မိတော့သည်။

"ဟား...ဟား...ချီးထုတ်ပဲကွာ...ဒီလောက်ဖြောင့်ဖြူးနေတဲ့လမ်းမှာ ဘယ်လိုတောင် ခလုတ်တိုက်ရတာလဲ ကွ...ဟား...ဟား...ဟား..."

တကယ်ကြီးကိုမလွယ်ဘူးပဲ။သူစိတ်ကူးထဲမှာ ဆရာကိုကိုရဲ့ပုံပမ်းသွင်ပြင်ကိုသာ ပုံဖော်မိနေတာကြောင့် ရွာ၏အရှေ့ဘက်ဝင်ပေါက်ကိုရောက်လာသည်ကိုလဲသတိမပြုမိသလို ပြောင်သလင်းခါနေတဲ့မြေပြင်မှာ ခလုတ်ပင်တိုက်လဲသေးသည်။

Mr Chef's Husband(complete)Where stories live. Discover now