💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၁) 💏"ဒိုင်း... ဒိုင်း... ဒိုင်း..."
"ရှေ့တက်ကြစမ်း..."
ခပ်ဝဲဝဲ အသံတစ်သံက မည်သည့် အရပ်ကမှန်းမသိ ထွက်လာပေမယ့် ပြောက်ကျားဝတ်ထားသည့် လူတွေက အသံကြားသည်နှင့် တပြိုင်နက် သစ်ပင်များကို အကာအကွယ်ယူကာ ရှေ့သို့ တက်လိုက်ကြသည်။
"ဒိုင်း..."
"အား..."
တစ်ယောက် ရှေ့တိုးလိုက်သည်နှင့် တစ်ဖက်က ကျည်ဆံကလည်း ချက်ချင်းပဲ ပြေးဝင်လာကာ ရှေ့တက်လာသည့် တစ်ယောက် သေနတ်မှန်ပြီး လဲကျသွားတော့၏။
"ဒိုင်း... ဒိုင်း..."
"အား... အား..."
တစ်ယောက်လဲကျသွားတော့ နောက်နှစ်ယောက်က ချက်ချင်းပဲ ရှေ့တက်လာသဖြင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပြောက်ကျားနှစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ယမ်းငွေ့တွေကြားမှ သေနတ်သံ တွေကလည်း မပြတ်သွားသလို အော်ဟစ်ညည်းတွားသံတွေကလည်း တရစပ် ထွက်နေကြ၏။
နယ်စပ် ဒေသကလေးတစ်ခု၏ တောထဲမှ သေနတ်သံတွေကို ဆက်တိုက်ဆိုသလို ကြားနေရသည်။ တစ်ဖက်က အနက်ရောင် ကုတ်အင်္ကျီများ ဝတ်ထားကြသည့် အဖွဲ့က သစ်ပင်တွေ၏ အကွယ်ကနေ ရှေ့မှာ ရှိနေကြသည့် ပြောက်ကျားဝတ် အဖွဲ့ကို သေနတ်နှင့် ပစ်နေကြသည်။ လူနေ အိမ်ခြေများနှင့် ဝေးနေသဖြင့် သေနတ်သံတွေကို တောထဲမှာသာ ကြားနေ ရသည်။ ကုတ်အနက် ဝတ်ဆင်ထားကြသည့် လူတွေက ရှေ့မှာရှိသော ရန်သူတွေ ကို တည်ငြိမ်အေးဆေးစွာဖြင့် ရင်ဆိုင်နေကြသည်။ ထို့အတွက်ကြောင့်လည်း သူတို့ ပစ်မှတ်တွေက မလွဲကြခြင်း ဖြစ်သည်။
"ပစ်ကြစမ်းကွာ..."
အသံဝဲဝဲနှင့် အမိန့်ပေးနေသည့်လူက မည်သည့်နေရာ၌ ရှိနေသည်ကို ကုတ်အနက်များ ဝတ်ထားသည့် လူတွေ မသိကြပါ။
"အမိန့်ပေးနေတဲ့ကောင်ကို ရှာပြီး ရှင်းပစ်စမ်း..."
သြဇာသံ အပြည့်ပါကာ ခက်ထန်မာကျောသည့် အသံတစ်သံကြောင့် ကုတ်အနက်ဝတ်ထားသည့် လူတစ်ယောက်က ချက်ချင်းပင် သစ်ပင်တစ်ပင် ပေါ်သို့ မျောက်တစ်ကောင်လို လျင်မြန်စွာ ပြေးတက်သွားပြီး မှန်ပြောင်းတစ်ခု ဖြင့် ပြောက်ကျားဝတ်များ ရှိနိုင်သည့် နေရာကို လှမ်းဆကာ ကြည့်လိုက်ပြီး သေနတ်နှင့် ချိန်လိုက် လေသည်။ တစ်ဖက် သစ်ပင်တစ်ပင်၏ အနောက်မှာရှိနေသည့် ပြောက်ကျား ဝတ်လူတစ်ယောက်က အသံဝဲဝဲဖြင့် အမိန့်တွေပေးနေ၏။ သူ အဲ့ဒီလူကို သေချာချိန်လိုက်ပြီး ပစ်ထည့်လိုက်ရာ
YOU ARE READING
အချစ်သူရဲကောင်း (Completed)
Romanceကချင်ပြည်နယ်ရဲ့ အထင်ကရနေရာလေးတွေနဲ့ ကချင်တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးစံလေးတွေပါတာမို့ တိုင်းရင်းသားလေးတွေကို ချစ်မြတ်နိုးသူတိုင်း ဖတ်သင့်တဲ့ အချစ်၀တ္ထုလေးတစ်ပုဒ်ပါ။ ကချင်ပြည်က ဂိုဏ်းခေါင်းဆောင်ရဲ့သား အင်ခွန်လဘောင်ရှောင်(ခ)ရာဇဝင်ဦးဆိုတဲ့ကောင...