အခန်း(၂၂)

239 6 0
                                    

💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၂၂) 💏

"ပစ္စည်းရော"

"ဒီမှာ"

တောတွင်းတစ်နေရာ၏ တိတ်ဆိတ်သောနေရာလေးတွင် အဖွဲ့ နှစ်ဖွဲ့က အရောင်းအဝယ် တစ်ခုကို လုပ်နေကြလေသည်။ တစ်ဖက် အဖွဲ့က အနက်ရောင် ဝတ်စုံကိုယ်စီ ဝတ်ထားကြသည့် Black Coat အဖွဲ့ဖြစ်ကာ တစ်ဖက်ကတော့ အပေါ်က အနီနှင့် အနက်ပါသည့် အင်္ကျီတွေကို ဝတ်ထားကြကာ ဘောင်းဘီတွေကတော့ တိုင်းရင်းသား ရိုးရာဘောင်းဘီများကို ဝတ်ဆင်ထားကြသည့် ငါးမန်းအဖွဲ့ပင်ဖြစ်သည်။

"ပေး"

"ရော့ ငွေရော"

"ရော့"

အပေးအယူက အစပိုင်းမှာတော့ အေးအေးဆေးဆေး ဖြစ်နေ၏။ အားလုံးက ကိုယ်လိုချင်သည့် အရာတွေကိုလည်း ရပြီးရော အခြေအနေက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ Black Coat အဖွဲ့က လူတွေ အားလုံးက လက်နက်တွေ ကိုယ်စီထုတ်လိုက်ပြီး

"ဘယ်သူမှ မလှုပ်ကြနဲ့"

"ဟင်"

ငါးမန်းအဖွဲ့က လူတွေအားလုံး အံ့သြမင်သက်သွားကြကာ ငြိမ်သက် သွားကြလေတော့သည်။

"ဘာဖြစ်တာလဲ ညာလက်ရုံးခေါင်"

သေနတ်နှင့် ချိန်ထားသည့်ခေါင့်ကို ငါးမန်းအဖွဲ့၏ အကြီးအကဲ တစ်ယောက်က အံ့သြစွာမေးလိုက်တော့ ခေါင်က ပြုံးလိုက်လေသည်။

"ဘာဖြစ်တာလဲ ဟုတ်လား လိန်လွန်း"

ခေါင်က သေနတ်နှင့် ချိန်ထားရင်း မေးလိုက်တော့ လိန်လွန်းက နားမလည်သလို မျက်မှောင်ကြုတ် ထားလေသည်။

"မင်း ဘာကိုပြောချင်တာလဲ ခေါင် ပွင့်ပွင့်လင်းလင်းပြောပါ"

"ဪ တကယ် မသိဘူးပေါ့"

ခေါင်က ထပ်ပြီးပြောလိုက်တော့မှ လိန်လွန်းက တစ်ခုခုကို စဉ်းစား မိသွားသလို ငြိမ်သက်သွားလေသည်။ ပြီးတော့မှ မှတ်မိသွားသလို ခေါင်းညိမ့် လိုက်ပြီး

"ဪ ခေါင်းဆောင် အင်ခွန်စောနောင် သေသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်တာလား"

"ဘာလဲ ကျေနပ်တယ်ထင်နေလို့လား"

ခေါင်ပြောလိုက်တော့ လိန်လွန်းက ပြုံးလိုက်ပြီးမှ လက်ပိုက်လိုက်ကာ

အချစ်သူရဲ​ကောင်း (Completed)Where stories live. Discover now