အခန်း(၂၃)

231 4 0
                                    

💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၂၃) 💏

"မမလွန်းတင်ကြိုး"

အသံနှင့်အတူ အနားသို့ ရောက်လာသည့် မိန်းကလေး တစ်ယောက်ကို ကြည့်ကာ ကြိုး အံ့သြသွားတော့ သူမက ကြိုးကို ပြုံးပြလာလေသည်။ သူမပုံစံက ချစ်စရာ ကောင်းလိုက်တာ။

"တုနှိုင်း ထိုင်မယ်နော် မမ"

ကြိုး ခေါင်းညိမ့်ပြလိုက်တော့ တုနှိုင်းဆိုသည့်မိန်းကလေးက ကြိုး ဘေးမှာ ဝင်ထိုင်လာပြီး ကြိုးကိုကြည့်ကာ ပြုံးနေလေသည်။

"တုနှိုင်းနဲ့ရာဇဝင်ဦးတို့က မောင်နှမဝမ်းကွဲတွေပါ မမကြိုး တုနှိုင်း နာမည်က တုနှိုင်းရွှေရည်ပါ"

"ဪ ညီမေလးက ရာဇဝင်ဦးရဲ့ ညီမလေးလား"

စကားအပြောအဆိုက အစ နူးညံ့လွန်းသည့် မမလွန်းတင်ကြိုးကို ကြည့်ကာ တုနှိုင်း အသာပြုံးလိုက်ရင်းနှင့် ခေါင်းညိမ့်လိုက် လေသည်။

"ဟုတ်ပါတယ် မမ ရာဇဝင်ဦးက မမကို အရမ်းချစ်တာပဲနော်"

မမလွန်းတင်ကြိုးက တုနှိုင်း၏ အပြောကို ဝန်ခံသလို ခေါင်းညိမ့်ကာ ပြုံးပြ လာလေသည်။ ရာဇဝင်ဦး ပြောသလိုပင် မမလွန်းတင်ကြိုးက တကယ့်ကို နတ်သမီးလေး တစ်ပါးလို လှပလွန်းပါသည်။ ပြီးတော့ ရာဇဝင်ဦးနှင့်လည်း လိုက်ဖက်လိုက်တာ။ ဒါပေမယ့် ရာဇဝင်ဦးနှင့် သဘောတူဖို့အတွက် တုနှိုင်း ဘာလို့ တွေဝေနေမိတာပါလိမ့်။

"ညီမလေးအကြောင်းကို ရာဇဝင်ဦးက ကြိုးကို တစ်ခါမှ မပြောပြဖူးဘူး"

"ဟုတ်တယ် မမ ရာဇဝင်ဦး ဒီကိုရောက်မှ အဲ့ဒါတွေ သိရ တာလေ"

"ဪ အဲ့ဒါကြောင့် ကြိုး မသိရတာဖြစ်မယ်"

"ဟုတ် ရာဇဝင်ဦးက ကချင်ပြည်နယ်ကို တစ်ခါမှမရောက်ဖူးဘူး မမရဲ့ အခုမှသာ ဦးလေးခေါ်လို့ ရောက်လာရတာ အဲ့ဒါကြောင့်လည်း မမနဲ့အချိန်တွေအကြာကြီး ဝေးသွားခဲ့ရတယ် ဒါပေမယ့် ရာဇဝင်ဦးက မမကို သိပ်ချစ်တာပါ မမရယ် မမကိုချစ်လွန်းလို့လည်း သူနဲ့ လူကြီးချင်း သေဘာတူထားတဲ့ မိန်းကလေးကို လက်မခံခဲ့တာပဲကြည့်လေ"

"ဟင်"

တုနှိုင်းရွှေရည်၏ စကားကြောင့် ကြိုးအံ့သြသွားတော့ တုနှိုင်း ကလည်း နားမလည်သလို သူမကို ပြန်ကြည့်လာ၏။ ပြီးတော့မှ တစ်ခုခုကို နားလည်သွားသလို မျက်နှာပျက်သွားကာ

အချစ်သူရဲ​ကောင်း (Completed)Where stories live. Discover now