အခန်း(၈)

264 6 0
                                    

💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၈) 💏

"ကြိုး..."

"ဟုတ်ကဲ့ ပြောပါ သူဌေး..."

"နှစ်ယောက်ထဲရှိနေတဲ့အချိန်မှာ ကျွန်တော့်အပေါ် ရင်းရင်းနှီးနှီး ဆက်ဆံပေးလို့မရဘူးလား ကြိုးရယ်..."

သူ့စကားကြောင့် ကြိုးပြုံးလိုက်တော့ သူကလည်း ကြိုးကိုကြည့်ကာ ပြုံးနေ၏။ သူ့အပြုံးတွေကို ကြိုးနားလည်သည်။ နားလည်သည်ဆိုတာထက် သူ့အပြုံးတွေကနေမြင်နေရသည့် ခံစားချက်တွေကို ကြိုးသိနေမိခြင်းပင် ဖြစ်သည်။

"ကြိုးကို ဘာပြောချင်လို့လဲ မာန်..."

"ကျွန်တော့်မှာ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ အများကြီး ရှိခဲ့တယ် မိန်းကလေးတွေရော ယောက်ျားလေးတွေရောပေါ့..."

"ဟုတ်ကဲ့ မာန်..."

သူ ကြိုးကိုကြည့်ကာ ဆက်ပြောဖို့အတွက် အားယူလိုက်မိတော့ သည်။ သူ ဒီနေ့ ကြိုးကိုဖွင့်ပြောတော့မယ်။ ကြိုးရဲ့အချစ်ကို အမြန်ဆုံးရယူပြီး မာမီ့ကိုတောင်းခိုင်းပြီး သူ ကြိုးနဲ့လက်ထပ်မယ်။

"ဒါပေမယ့် ကျွန်တော့်မှာ သံယောဇဉ်တွယ်ရမယ့်လူရယ်လို့တော့ များများစားစားမရှိခဲ့ဘူးပေါ့..."

"ဟုတ်ကဲ့..."

သည်နေ့မှ ဒေါ်လေးတို့ကလည်း အပြင်သွားတာ နောက်ကျနေသေး သည်။ ဈေး၀ယ်တာက တစ်ရက်စာလား တစ်ပတ်စာလားတောင်မှ ကြိုး မသိတော့ပေ။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် သည်နေ့မှ ဒေါ်လေးတို့တွေ ကြာနေခြင်းပဲဖြစ်၏။ တစ်နေရာရာကိုများ ၀င်နေလို့လား။ ခြံထဲက ခုံတန်းလေးပေါ်၌ ကြိုး မာန့်ကိုဧည့်ခံနေတာ တစ်နာရီနီးပါးပင် ကြာနေပြီ ဖြစ်လေသည်။

"အဲ့ဒီထဲမှာ ကြိုးလည်းအပါအ၀င်ပါ..."

"ဟုတ်ကဲ့..."

"တီ တီ..."

ဖုန်းသံကြောင့် ကြိုး ဖုန်းကို ကိုင်လိုက်ကာကြည့်လိုက်တော့ ဒေါ်လေးနှင်းအေးဆီကဖြစ်နေ၏။

"ဟယ်လို ဒေါ်လေး..."

"သမီး ကြိုး မောင်ရတုမာန်ပြန်သွားပြီလား..."

အချစ်သူရဲ​ကောင်း (Completed)Where stories live. Discover now