အခန်း(၂၈)

202 4 0
                                    

💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၂၈) 💏

"ခေါင်းဆောင်"

အသံနှင့်အတူ အနားသို့ရောက်လာသည့် တပည့်ဖြစ်သူကို ကြည့်ကာ သူလက်ထဲက သေနတ်ကို အင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး

"အားလုံးအဆင်သင့်ဖြစ်ပြီလား"

"ဟုတ်ကဲ့ အဆင်သင့်ဖြစ်ပါပြီ ခေါင်းဆောင် ဒါပေမယ့် သခင်မလေးကိုတော့ မခေါ်ရသေးပါဘူး"

"ရတယ် မမကို ကျွန်တော်သွားခေါ်လိုက်မယ်"

"ဟုတ်ကဲ့ ခေါင်းဆောင်"

"မင်းတို့တွေ ကားပေါ်မှာစောင့်နေကြပါ"

"ဟုတ်ကဲ့"

တပည့်ဖြစ်သူက သူ့ကိုခေါင်းညိမ့်ပြကာ သူ့ရှေ့ကနေ ထွက်သွားတော့မှ သူလည်း လက်နက်ခန်းကနေ သူ့အခန်းရှိရာသို့ ထွက်လာလိုက်တော့သည်။ အခုချိန်ဆို မမတစ်ယောက် အခန်းထဲမှာ စာပဲဖတ်နေမလား မသိပေ။ မမရောက်လာမှပဲ သူ့နေရာလေးက စို​ပြည်သွားလေတော့သည်။ သူနေထိုင်ရာနေရာလေးမှမဟုတ် သူ့ရင်ထဲမှာလည်း သာယာစိုပြည်သွားတော့၏။ အခန်းရှေ့ကိုရောက်တော့ တိတ်ဆိတ်နေသည့် အခြေအနေကြောင့် မမ စာဖတ်နေတယ်ဆိုတာကို သူသိလိုက်ပြီး ပြုံးလိုက်မိ၏။ အခန်းတံခါးကို တစ်ချက်ခေါက်လိုက်ပြီးတော့မှ အခန်းထဲကိုဝင်သွားလိုက်ရာ မမက ခုတင်ပေါ်မှာစာဖတ်နေလေသည်။

"မမ"

"မောင် အပြင်သွားတော့မလို့လား"

"အင်း မမလည်းလိုက်ခဲ့ရမှာ"

"ဟင် ဟုတ်လား"

အပြင်ထွက်ရမှာကို သိသွားသဖြင့် မမ မျက်နှာက ကျေနပ်သလို ပြုံးသွားလေသည်။ မမက စာအုပ်လေးကို ခုတင်ဘေးက စားပွဲပေါ်မှာ တင်လိုက်တော့ သူ မမအနားမှာ ဝင်ထိုင်လိုက်ကာ မမလက်ဝါးလေးကို ဆုပ်ကိုင်လိုက်ပြီး

"တကယ်တော့ ကျွန်တော် မမကို မခေါ်သွားချင်ဘူး"

"ဟင် ဘာလို့လဲ မောင်"

သူ့မျက်လုံးထဲက စိုးရိမ်စိတ်တွေကို မမ မသိအောင် သူ့အကြည့်တွေကို တခြားသို့လွှဲလိုက်လေသည်။
"မမကို တခြားသူတွေ မြင်သွားမှာစိုးလို့ပေါ့"

အချစ်သူရဲ​ကောင်း (Completed)Opowieści tętniące życiem. Odkryj je teraz