အခန်း(၂၉)

204 4 0
                                    

💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၂၉) 💏

"ဒီထက်ပိုပြီး ပြတ်သားစရာစကားများရှိသေးလို့လား မာန်ရယ် ကျေးဇူးပြုပြီး ကြိုးကို ပြန်ပို့ပေးပါနော်"

"ကိုယ် တောင်းပန်ပါတယ် ကြိုး ကိုယ် ကြိုးကိုပြန်မပို့နိုင်ဘူး မနက်ဖြန်ကျရင် ကိုယ်တို့နှစ်ယောက် ရန်ကုန်ကိုပြန်ကြမယ် ကြိုး"

"ဟင့်အင်း ကြိုး မလိုက်ဘူး မာန်"

ခေါင်းမာလွန်းသည့် ကြိုးကြောင့် သူ့အတွက် ပြောစရာစကားလုံးတွေက ရှားပါးနေခဲ့သည်။ သည်အချိန်မှာ သူက အသာဘက်မှာရှိနေသည့်အတွက် စကားတွေအများကြီး ပြောလို့မဖြစ်ပေ။ သူပြောမည့် စကားတွေဟာ အပျက်သဘောဆောင်နေလို့မဖြစ်ဘူး။ သေချာပေါက် ကြိုးကို ရန်ကုန်ကို အပါပြန်ခေါ်ရမှာ။

"အခု ရာဇဝင်ဦးမှာ အန္တရာယ်ရှိနေတယ် ကြိုး သူ့အနားမှာ ရှိနေမှဖြစ်မှာ အဲ့ဒါကြောင့် ကြိုးကိုပြန်ပို့ပေးပါ မာန်ရယ် ကြိုး တောင်းပန်ပါတယ်နော်"

"ဆက်မပြောနဲ့တော့ ကြိုး ကြိုး ဘယ်လိုပဲတောင်းပန်တောင်းပန် ကိုယ် ပြန်ပို့ပေးမှာမဟုတ်ဘူး ကိုယ် စကားတွေအများကြီးမပြောချင်ဘူး ကြိုး"

"ကြိုးမှ မာန့်ကိုမချစ်တာ ကြိုး မာန့်နောက်ကိုမလိုက်ဘူး မာန် ရာဇဝင်ဦးနဲ့အတူတူ ဒီကချင်ပြည်နယ်မှာပဲ အတူတူနေတော့မှာ"

"မရဘူး ကိုယ် ခွင့်မပြုဘူး ကြိုး"

ကြိုး စကားတွေက သူ့ရင်ထဲက ဒေါသတွေကို ဆွနေသလို ဖြစ်နေတာကို ကြိုးကတော့ သိမှာမဟုတ်။ ဒါပေမယ့် သူ့ရင်ထဲမှာ ဘယ်လောက်ထိ နာကျင်နေပြီဆိုတာကို သူသာသိသည်။ အကယ်၍ ကြိုးသာ သည်လိုစကားတွေ ဆက်ပြောနေဦးမယ်ဆိုလျှင် သူ ဘာလုပ်မိမလဲဆိုတာကို တကယ်ပဲ မသိနိုင်အောင်ကို ဖြစ်နေလေတော့သည်။

"ဟင့်အင်း ကြိုး မာန့်ကိုမချစ်ဘူး"

နောက်ထပ်ကြားလိုက်ရသည့် သူ့ကိုမချစ်ဘူးဆိုသော စကားကြောင့် သူ့လက်တွေဟာ ကြိုးပခုံးနှစ်ဖက်ပေါ်သို့ အလိုလိုရောက်သွားလေသည်။

"ကိုယ်ချစ်နေရုံနဲ့တင် လုံလောက်နေပြီမို့လို့ ကြိုး မချစ်လည်း ရပါတယ် တစ်ခုပဲ ကြိုးရဲ့ပါးစပ်ကနေ ဟိုကောင့်ကိုချစ်တယ်ဆိုတဲ့ စကားသာ ထပ်ပြီးမပြောပါနဲ့တော့ မဟုတ်ရင် ကိုယ် ကြိုးကို ဘာလုပ်မိမယ်ဆိုတာ မပြောနိုင်ဘူး ကြိုး"

အချစ်သူရဲ​ကောင်း (Completed)Tahanan ng mga kuwento. Tumuklas ngayon