💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၂၆) 💏"ကျွန်တော် ဒီမှာအဆင်ပြေပါတယ် မာမီ"
"ကြိုးကိုရောတွေ့ရဲ့လား ကြိုးရဲ့အဒေါ်တွေက မေးနေတယ် သားရယ်"
သူ မာမီတို့နှင့် ဖုန်းပြောနေရင်းကနေ ဝရန်တာအစွန်းမှာရှိနေသည့် အဖြူနှင့် ခရမ်းစပ်ထားသည့် သစ်ခွပန်းပင်ကို ကြည့်လိုက်လေသည်။
"ကြိုးရဲ့ဒေါ်လေးတွေကိုလည်း ပြောပြလိုက်ပါ မာမီ ကျွန်တော် ကြိုးကို ပါအောင်ပြန်ခေါ်ခဲ့ပါ့မယ်လို့"
"အဲ့ဒါဆိုရင် ကြိုးကို ပြန်တွေ့ပြီပေါ့နော်"
"ဟုတ်ကဲ့ တွေ့တာကတွေ့ပါပြီ ပြန်ခေါ်ဖို့ကတော့ မလွယ်သေးဘူး မာမီ"
"ဟင် ဘာဖြစ်လို့လဲ သား"
သူ သစ်ခွပန်းလေးတွေကို လက်နဲ့အသာတို့ထိလိုက်ပြီးမှ သက်ပြင်းချလိုက်ကာ
"ကြိုးက အပျော်ခရီးထွက်သွားတဲ့လူတစ်ယောက်မှ မဟုတ်တာ မာမီရယ်"
"သက်ဆိုင်ရာကနေပြန်ခေါ်ကြရအောင် သား"
"ဟင့်အင်း အဲ့လိုလုပ်လို့မရဘူး မာမီ"
"ဘာဖြစ်လို့လဲ"
"စိတ်မပူပါနဲ့ မာမီ ကျွန်တော် ကြိုးကိုပါအောင်ခေါ်ပြီး ပြန်လာခဲ့ပါ့မယ်"
"အင်းပါ အဲ့ဒါဆိုလည်း သားသဘောပါပဲ ဒါပေမယ့် အစစ အရာရာဂရုစိုက်ပါ သားရယ် တစ်ကယ်လို့ ကြိုးကို ပြန်ခေါ်လို့မရနိုင် တော့ဘူးဆိုရင်လည်း သားပဲပြန်လာခဲ့ပါ မာမီတို့အတွက် သားကအဓိကပဲ သား ကြိုးလို မိန်းကလေးမျိုးကို မာမီတို့ရှာပေးနိုင်ပါတယ်"
"ဘာတွေပြောနေတာလဲ မာမီရယ် ကျွန်တော့်ဘဝမှာ ကြိုးမရှိလို့ မဖြစ်ဘူး ပြီးတော့ ကြိုးရဲ့နေရာမှာ တခြား ဘယ်မိန်းကလေးကိုမှ အစားထိုးလို့မရဘူး မာမီ"
"ခေါင်းမာလိုက်တာ သားရယ်"
မာမီက သူ့ကို အပြစ်တင်နေပေမယ့် သူ ဘာမှပြန်မပြောဘဲ ငြိမ်သက်နေမိတော့သည်။ ဟုတ်တယ် သူ့ဘဝမှာ ကြိုးမရှိလို့မဖြစ်ဘူး။ ကြိုးမပါဘဲနဲ့ သူ အိမ်ကို လုံးဝမပြန်ဘူး။
ŞİMDİ OKUDUĞUN
အချစ်သူရဲကောင်း (Completed)
Romantizmကချင်ပြည်နယ်ရဲ့ အထင်ကရနေရာလေးတွေနဲ့ ကချင်တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးစံလေးတွေပါတာမို့ တိုင်းရင်းသားလေးတွေကို ချစ်မြတ်နိုးသူတိုင်း ဖတ်သင့်တဲ့ အချစ်၀တ္ထုလေးတစ်ပုဒ်ပါ။ ကချင်ပြည်က ဂိုဏ်းခေါင်းဆောင်ရဲ့သား အင်ခွန်လဘောင်ရှောင်(ခ)ရာဇဝင်ဦးဆိုတဲ့ကောင...