အခန်း(၆)

315 6 0
                                    

💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၆) 💏

"ဒယ်ဒီသက်သာရဲ့လား ကိုခေါင်..."

ကိုခေါင်က ဟင်းချက်နေရင်းကနေ သူ့ကိုလှည့်ကြည့်လာကာ အားပေးသလိုပြုံးပြလာပြီး

"ဘော့စ် ဒဏ်ရာအများကြီးရမသွားပါဘူး သခင်လေး..."

"ဒယ်ဒီအခုလို တစ်ခါမှမဖြစ်ဖူးဘူး ကိုခေါင်..."

ကိုခေါင်က ဟင်းအိုးကိုမီးလျှော့ပြီးတော့မှ သူ့အနားမှာလာထိုင်ကာ သူ့ကိုကြည့်လာပြီး

"ကျွန်တော် ဘော့စ်ရဲ့အနားမှာမရှိလို့ အခုလိုဖြစ်ခဲ့ရတာ တောင်းပန် ပါတယ် သခင်လေး..."

သူ ကိုခေါင့်ကိုဘာမှပြန်မပြောဘဲ ငြိမ်သက်နေမိလေသည်။ သူ ရန်ကုန်မှာနေခဲ့သည့် တစ်သက်သာလုံးမှာ ဒယ်ဒီဒဏ်ရာရသည်ဟု တစ်ခါမှ ကြားဖူး ခဲ့တာမဟုတ်။ အဲ့ဒါကြောင့်လည်း ဒီမှာအေးအေးဆေးဆေး နေနေရတာ။ ဒယ်ဒီ့မှာ တပည့် အများကြီး ရှိသည့်အတွက် ဒယ်ဒီ ဘယ်တော့မှ အန္တရာယ်ဖြစ်မှာမဟုတ်ဘူးလို့လည်း သူယုံကြည်ခဲ့တာ။

"အဲ့ဒါကြောင့် သခင်လေး ကချင်ပြည်နယ်ကို အမြန်ဆုံးလိုက်ခဲ့မှ ဖြစ်မှာ သခင်လေး..."

"ကျွန်တော် မမဆီကအဖြေရဖို့မျှော်လင့်ချက်ရှိလာပြီ ကိုခေါင်..."

"အခုချိန်မှာ ဘော့စ်ထက်အရေးကြီးတာ ဘာများရှိလို့လဲ သခင်လေးရယ်..."

သခင်လေးက တွေဝေနေသလို ငြိမ်သက်နေလေသည်။ သခင်လေး ဒီမိန်းကလေးကို အတော်လေး ချစ်တာပါလား။ သခင်လေးချစ်တဲ့ အဲ့ဒီ မိန်းကလေး အကြောင်းကိုလည်း သူ သေချာစုံစမ်းပြီးသွားပါပြီ။ သခင်လေးနှင့် သင့်တော်လိုက်ဖက်သည့် မိန်းကလေးဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပေမယ့် အချိန်တွေကမရှိတော့ဘူး။ သခင်လေးကို ကချင်ပြည်နယ်ကို အမြန်ဆုံး ပြန်ခေါ်သွားမှ ဖြစ်တော့မယ်။

"တီ... တီ... တီ..."

ဖုန်းသံကြောင့် ခေါင် ထသွားကာ ဖုန်းကိုသွားယူပြီး သခင်လေး အနားမှာ ပြန်ထိုင်လိုက်လေသည်။

"ဟယ်လို ဂျက်..."

"ခေါင် ငါပါ..."

"ဟင် ဘော့စ်..."

အချစ်သူရဲ​ကောင်း (Completed)Donde viven las historias. Descúbrelo ahora