💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၃၂) 💏
💜 ဇာတ်သိမ်း 💜"မောင် မောင်အဟင့် ဟင့်"
မြင်လိုက်ရသည့် မြင်ကွင်းက သူ့ရင်ကို စို့နင့်သွားစေတာအမှန်ပဲ ဖြစ်သည်။ ကြိုးက ရာဇဝင်ဦးကို သူမရင်ခွင်ထဲမှာထည့်ကာ ငိုကြွေးနေ၏။
"ဟင် သခင်လေး"
သေနတ်သံတွေကတော့ အခုချိန်ထိမပြတ်သေးပေ။ သူတို့အနီး အနားမှာ ရှိနေသည့် ရန်သူတွေလည်း အကုန်လုံး မြေပြင်မှာ လဲကျနေကုန်ပြီ ဖြစ်သည်။
"မောင် မောင် သေလို့မဖြစ်ဘူးနော် ကြိုး ကြိုး ဘယ်သူနဲ့ နေရမှာလဲ ဟင့်အင်း မောင် မောင်မသေရဘူး မောင်ပြောတော့ ကြိုးတို့တွေ ရန်ကုန်ကိုသွားပြီး ဒေါ်လေးတို့ဆီမှာ ကြိုးကိုတောင်းရမ်းပြီး စေ့စပ်မယ်ဆို မောင် မသေ ရဘူး"
"သခင်မလေး သခင်လေးကို အခုချက်ချင်း ဆေးကုသမှုခံယူမှ ဖြစ်မှာပါ အဲ့ဒါကြောင့် ကျွန်တော်တို့ပြန်ရအောင်"
"မသေရဘူး မောင် မသေရဘူး မောင့်ကိုဆေးကုပေးမယ် ကြိုးတို့တွေ အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရဦးမှာလေ"
"ကြိုး ကြိုး စိတ်ထိန်းဦးလေ ရာဇဝင်ဦး ဘာမှမဖြစ်ပါဘူး ကြိုးရယ် ကြိုးက အခုလိုဖြစ်နေလို့မဖြစ်ဘူးလေ"
ရာဇဝင်ဦးကို ရင်ခွင်ထဲမှာထည့်ကာ အဆက်မပြတ်ငိုနေသည့် ကြိုးကို ကြည့်ကာ သူ့ရင်ထဲမှာလည်း တော်တော်လေးကို နာကျင်နေမိလေသည်။ ခေါင်က ရာဇဝင်ဦးကို ကြိုးရင်ခွင်ထဲကနေ အသာပွေ့ယူကာ အဲ့ဒီနေရာကနေ ထွက်သွားသဖြင့် သူလည်း ကြိုးကိုတွဲထူကာ အဲသည် နေရာကနေ အမြန်ဆုံး ထွက်လာလိုက်လေသည်။
"သခင်လေး ဘာဖြစ်သွားတာလဲ ခေါင်"
"လက်မောင်းကိုကျည်ဆံမှန်သွားတာ ဂျက် အထဲထိဝင်သွားတဲ့ အတွက် စိုးရိမ်ရတယ် ချက်ချင်းခွဲထုတ်မှဖြစ်မှာ အဲ့ဒါကြောင့် ငါတို့ အခုချက်ချင်းပြန်မှဖြစ်မယ် မင်းပဲ ဒီမှာ အကုန်လုံးကိုရှင်းခဲ့လိုက်တော့ ဂျက်"
"အင်း ငါနားလည်ပြီ သခင်လေးကို သေချာဂရုစိုက်လိုက်ပါ"
"အင်း"
YOU ARE READING
အချစ်သူရဲကောင်း (Completed)
Romanceကချင်ပြည်နယ်ရဲ့ အထင်ကရနေရာလေးတွေနဲ့ ကချင်တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးစံလေးတွေပါတာမို့ တိုင်းရင်းသားလေးတွေကို ချစ်မြတ်နိုးသူတိုင်း ဖတ်သင့်တဲ့ အချစ်၀တ္ထုလေးတစ်ပုဒ်ပါ။ ကချင်ပြည်က ဂိုဏ်းခေါင်းဆောင်ရဲ့သား အင်ခွန်လဘောင်ရှောင်(ခ)ရာဇဝင်ဦးဆိုတဲ့ကောင...