အခန်း(၂၄)

180 5 0
                                    

💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၂၄) 💏

ခြေလှမ်းတွေကို တစ်လှမ်းချင်းစီ အားယူပြီးလှမ်းလိုက်တော့ ခြေသလုံးကြွက်သားတွေက အနည်းငယ် နာကျင်လာသလို ခံစားလိုက်ရ လေသည်။ လက်က ဝရန်တာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ခြေလှမ်းတွေကို ပိုပြီးသွက်သွက်လက်လက် လျှောက်လိုက်၏။ ယိုင်နဲ့သွားသည့် ခြေလှမ်းတွေက ကြိုးကိုချစ်သော သူ့ အချစ်တွေပင် ဖြစ်သည်။

သူ့အပိုင်ဖြစ်ပြီးသား ကြိုးကို ခိုးယူသွားခဲ့သည့် ရာဇဝင်ဦးကို သူ သေလောက်အောင် မုန်းသည်။ ဖြစ်နိုင်လျှ သူကိုယ်တိုင် သတ်ပစ်လိုက်ချင်သည်။ ဒါပေမယ့် ရာဇဝင်ဦးက ကြိုးချစ်ရသည့် သူဖြစ်နေတော့ သတ်ဖို့အထိလည်း သူ မလုပ်ရက်ပေ။ အဲ့ဒါကြောင့် နဂိုအတိုင်း သူ ကြိုးကိုပိုင်ဆိုင်ထား သလို ပိုင်ဆိုင်နိုင်ဖို့က အဓိကပင် ဖြစ်သည်။ ဝရံတာကိုဆုပ်ကိုင်ထားသည့် သူ့ လက်တွေက ရာဇဝင်ဦးကို ဒေါသထွက်လာသဖြင့် ပိုပြီး တင်းကျပ်လာတော့၏။

"တောက်"

ဒေါသကြောင့် တောက်ခေါက်သံက ကျယ်လောင်သွားသဖြင့် အပေါက်ဝမှာ သူ့ကိုစောင့်နေသည့် အစောင့်က သူ့အနားသို့ ရောက်လာကာ

"ဘာဖြစ်လို့လဲ ကျွန်တော် ဘာလုပ်ပေးရမလဲ"

သူ အစောင့်ကို ခေါင်းအသာရမ်းပြလိုက်ကာ

"ရတယ် ဘာမှမဖြစ်ဘူး ဒါနဲ့ မင်းတို့ဆရာဘယ်သွားတာလဲ"

"ဆရာ အရောင်းအဝယ်တစ်ခုရှိတာနဲ့ ထွက်သွားတာ"

"ဪ"

"လမ်းကို အကြာကြီးမလျှောက်ပါနဲ့ ခင်ဗျားခြေထောက်က ဒဏ်ရာတွေက အနာမကျက်သေးဘူး"

"အင်း ကျုပ်တော်တော်သက်သာနေပါပြီ အဲ့ဒါကြောင့် မင်းတို့ ဆရာလာရင် ကျုပ်ကိုလာတွေ့ပေးခိုင်းပါ ကျုပ် သူနဲ့စကားတွေပြောစရာ ရှိတယ်"

"ကောင်းပါပြီ ဆရာစွန်ရဲပြန်ရောက်လာတဲ့အခါ ကျွန်တော် ပြောလိုက်ပါ့မယ်"

"အင်း ကျေးဇူးပဲ"

အစောင့်က သူ့ကို ခေါင်းတစ်ချက် ညိမ့်ပြလိုက်ပြီး သူ့အနားကနေ ထွက်သွားတော့မှ သူလည်း ဝ​ရံတာ ကနေ ခပ်လှမ်းလှမ်းသို့ လှမ်းကြည့်လိုက်တော့ သိပ်ပြီး မနိမ့်မမြင့် ဖြစ်နေသည့် တောင်တန်း တချို့ကို တွေ့လိုက်ရ လေသည်။ အခုချိန်မှာ သူအဖြစ်ချင်ဆုံး ဆန္ဒကတော့ ကြိုးကိုတွေ့ချင်တာပဲ ဖြစ်သည်။ ကြိုးနှင့် အမြန်ဆုံးတွေ့ပြီး ရန်ကုန်ကို ပြန်ခေါ်သွားချင်သည်။ ပြီးရင်တော့ ရာဇဝင်ဦးကို သူ နည်းနည်းလောက်ပညာ ပေးချင်သေးသည်။ ရာဇဝင်ဦးကိုသာ သူ တစ်ခုခု လုပ်လိုက်မည်ဆိုလျှင် ကြိုးက သူ့ကို ခွင့်လွှတ်မည် မဟုတ်။ ဝှူး။ သူ သက်ပြင်းချလိုက်ပြီး ဝရန်တာကခုံမှာ အသာဝင်ထိုင် လိုက်လေသည်။

အချစ်သူရဲ​ကောင်း (Completed)Where stories live. Discover now