💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၃၁) 💏"သူ မာန့်ကို ဘာပြောတာလဲဟင်"
အခန်းထဲကိုဝင်ဝင်ချင်း ကြိုး အမေးကြောင့် သူ ကြိုးကို ခေါင်းရမ်းပြလိုက်ကာ ခုံမှာဝင်ထိုင်လိုက်ပြီး
"အထွေအထူးမဟုတ်ပါဘူး"
"ဒါပေမယ့် မာန့်မျက်နှာမကောင်းဘူး တစ်ခုခုများပြောလိုက်လို့ လားဟင်"
"သူပြောတဲ့စကားတွေက ကိုယ့်အတွက်တော့ ဘာမှမထူးခြားဘူး သူက ကိုယ်နဲ့ရာဇဝင်ဦးကို လက်စားချေချင်နေတာပဲ"
"ကြိုး နားလည်ပြီ မနက်ဖြန်ဆိုရင် သူပြောတဲ့နေ့ကိုရောက်ပြီ ဆိုတော့ ကြိုးတို့တွေ သတိထားရမယ် မာန် ကြိုး မာန့်ကိုပေးထားတဲ့ သေနတ်ကို မာန် သေချာသိမ်းထားနော်"
"အင်း ကိုယ်သေချာသိမ်းထားပါတယ် ကြိုး"
"အင်း ဒါဆို ကြိုးအိပ်တော့မယ် ဒီည မာန် ခုတင်ပေါ်မှာ အိပ်လိုက်လေ ကြိုးက အောက်မှာပဲအိပ်လိုက်မယ်"
"ဟင့်အင်း ရတယ် ကိုယ် အောက်မှာပဲအိပ်မယ် ကြိုးပဲ ခုတင်ပေါ် မှာ အိပ်ပါ"
"အင်း ကျေးဇူးပါ မာန်"
ထို့နောက် နှစ်ယောက်သား ငြိမ်သက်ကာ အိပ်ရာ ဝင်ကြလေသည်။ ဒါပေမယ့် နှစ်ယောက်လုံး အိပ်မပျော်ကြဘူးဆိုတာတော့ သူတို့ကိုယ်တိုင်သာ သိသည်။ မနက်ဖြန်ဖြစ်လာမယ့်အခြေအနေက ကောင်းသောအခြေအနေ မဟုတ်ဘူးဆိုတာကို သူတို့တွေ စိတ်ထဲကနေ အလိုလိုနားလည်နေကြ ပါသည်။
"ကြိုး အိပ်နေပြီလား"
"ဟင့်အင်း ကြိုး အိပ်မပျော်ဘူး မာန်"
မာန် ဘေးတစောင်းအိပ်နေရင်းကနေ ပက်လက်လှန်လိုက်ကာ ခုတင်ပေါ်မှာအိပ်နေတဲ့ ကြိုးကို လှမ်းကြည့်လိုက်ပြီး
"ကိုယ်လည်း အိပ်မပျော်ဘူး"
"မနက်ဖြန်အတွက် ကြိုး တကယ်ပဲ စိတ်ပူနေမိတယ် မာန် ဘယ်သူ့ကိုမှ ဘာမှမဖြစ်စေချင်ဘူး"
"ကိုယ်လည်း အတူတူပါပဲ အထူးသဖြင့် ကြိုး ထိခိုက်သွားမှာမျိုးကို ကိုယ်မလိုချင်ဘူး ကြိုး အဲ့ဒါကြောင့် ဂရုစိုက်ပြီးနေနော် ဖြစ်နိုင်ရင် ကိုယ့်အနောက်မှာပဲနေပါ ကြိုး"
ŞİMDİ OKUDUĞUN
အချစ်သူရဲကောင်း (Completed)
Romantizmကချင်ပြည်နယ်ရဲ့ အထင်ကရနေရာလေးတွေနဲ့ ကချင်တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးစံလေးတွေပါတာမို့ တိုင်းရင်းသားလေးတွေကို ချစ်မြတ်နိုးသူတိုင်း ဖတ်သင့်တဲ့ အချစ်၀တ္ထုလေးတစ်ပုဒ်ပါ။ ကချင်ပြည်က ဂိုဏ်းခေါင်းဆောင်ရဲ့သား အင်ခွန်လဘောင်ရှောင်(ခ)ရာဇဝင်ဦးဆိုတဲ့ကောင...