အခန်း(၃၀)

237 3 0
                                    

💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၃၀) 💏

"ဟာ ဘယ်လက်ရုံးနဲ့ ညာလက်ရုံးတို့ပါလား မတွေ့တာတောင် ကြာပြီနော်"

ခနဲ့တဲ့တဲ့ကြားလိုက်ရသည့် စွန်ရဲ စကားသံကြောင့် သူတို့နှစ်ယောက် လုံး၏ စိတ်ထဲမှာ ထောင်းကနဲ ဒေါသ ထွက်သွားလေသည်။

"ဒီကိုလာတာ ဘာကိစ္စလဲ"

"အပိုတွေပြောမနေဘဲ သခင်မလေးကို ပြန်လွှတ်ပေးပါ စွန်ရဲ"

"ဟင် မင်းတို့နှစ်ယောက်က ကြင်ယာတော်ကို လာပြီးတောင်းကြတာလား"

"ဟုတ်တယ်"

စွန်ရဲက သူတို့နှစ်ယောက်စလုံးကို နားမလည်သလို မျက်မှောင်ကြုတ်ပြီး ကြည့်နေ၏။ ရုတ်တရက်ကြီး ရောက်လာသည့် သူတို့နှစ်ယောက်ကို ကြည့်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေသည့်ပုံပင်။ ဒါပေမယ့် ကြောက်နေတာ မဟုတ်ဘူး ဆိုတာကိုတော့ သူတို့သိ၏။

"ငါက အင်ခွန်လဘောင်ရှောင်ကိုယ်တိုင် လာမယ်ထင်နေတာ မင်းတို့နှစ်ယောက်ကို လွှတ်လိုက်တယ်တဲ့လား"

"ခင်ဗျား စကားကြောရှည်လိုက်တာ စွန်ရဲ ဘာဖြစ်ချင်နေ တာလဲ"

"ဘာဖြစ်ချင်နေတာလဲဟုတ်လား"

ထိုင်နေရင်းနှင့် မေးထောက်ကာ သူတို့နှစ်ယောက်ကို တစ်လှည့်စီ ကြည့်ပြီး မျက်မှောင်ကြုတ်နေသည့် စွန်ရဲကိုကြည့်ကာ သူတို့တွေ တကယ်ကို စိတ်ထိန်းနေရလေသည်။

"ငါဖြစ်ချင်တာကို အင်ခွန်လဘောင်ရှောင်ကိုပြောပြီးသွားပြီ သူက လက်မခံဘူးလေ အဲ့တော့ မင်းတို့က ဘာလုပ်ပေးနိုင်မှာမို့လို့ ဒီကို ရောက်လာတာလဲ"

"ကျွန်တော်တို့ သခင်မလေးကိုပြန်လိုချင်တယ် စွန်ရဲ ရတုမာန်ကိုတော့ ခင်ဗျားဘာပဲလုပ်လုပ် ကျုပ်တို့နဲ့မဆိုင်ဘူး"

"ဟာ မင်းတို့စကားကလည်း မျက်နှာလိုက်လွန်းတယ်ကွာ ရတုမာန်က မင်းတို့သခင်မလေးကိုချစ်လွန်းလို့ ဒီလိုနေရာအထိ ဒုက္ခတွေ ကြားထဲကနေ ရောက်အောင်လာခဲ့တာကို မင်းတို့က ဒီလိုလုပ်ရက်ကြတယ်နော်"

"အဲ့ဒါ ကျုပ်တို့အပူမပါဘူး"

"ဟုတ်ပါပြီ အဲ့ဒါဆိုလည်း ရတုမာန်အကြောင်းကို ငါတို့ မပြောတော့ဘူး ဒါပေမယ့် ငါတို့လိုလူတန်းစားတွေကြားထဲမှာ ဘယ်အရာမှ အလကားမရဘူးလေကွာ တစ်ခုခုလိုချင်ရင် တစ်ခုခုကို ပြန်ပေးရမယ်ဆိုတာကို မင်းတို့လည်းအသိပါ မင်းတို့ရဲ့သခင်မလေးကို ပြန်လွှတ်ပေးမယ်ဆိုရင် မင်းတို့ဘက်က ဘာပေးမှာလဲ ပြော"

အချစ်သူရဲ​ကောင်း (Completed)Where stories live. Discover now