အခန်း(၅)

346 10 0
                                    

💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၅) 💏

ယခုချိန်ဆိုလျှင် သူ ကြိုးနှင့် အရင်ကထက်ပိုပြီး နီးစပ်လာပြီ ဖြစ်သည်။ သံယောဇဉ်ရှိသည်ဆိုတာထက်လည်း ပိုလာခဲ့ပြီဆိုတာကို သူသာအသိဆုံးပင် ဖြစ်သည်။ သူ ကြိုးကိုသဘောကျသည့်အကြောင်း အရိပ်အမြွက်လေးဖြစ်ဖြစ်တော့ ပြောပြချင်မိသည်။ သို့မှသာ သူချစ်နေသည့်အကြောင်းကို တဖြည်းဖြည်းနှင့် ကြိုးကလည်း သိလာမည် ဖြစ်သည်။ သူက နာမည်ကျော်သရုပ်ဆောင် မဟုတ်ပေမယ့်လည်း ယခုချိန်မှာ နာမည်ရှိနေသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်သည်။ သူ့လုပ်ငန်းတွေက တိုးချဲ့တော့မှာဖြစ်တော့ နောက်ဆို သည်ထက်ပိုပြီး ပင်ပန်းရတော့မှာ။ အဲ့အချိန်တွေမှာ သူ့ဘေးမှာ သူ့ကို အားကိုးဖေးမမယ့်သူ တစ်ယောက်ယောက်တော့ ရှိနေမှ ဖြစ်မည်။ နောက်ပြီး အဲ့ဒီလူကလည်း ကြိုးပဲဖြစ်ရမည်။ သူ့အနားမှာ ကြိုးသာ ရှိနေမည်ဆိုလျှင် မည်သို့သော အခက်အခဲတွေပဲ ကြုံလာရ ကြုံလာရ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း သူ မမှုတော့ပါ။ အဲ့ဒီအခါ သူ့ကမ္ဘာကြီးဟာ ပျော်ရွှင်စရာအတိ ဖြစ်နေတော့မည်သာ။ တွေးရုံနှင့်တင် ပျော်စရာကောင်းလိုက်တဲ့ဘဝ။ သူ တကယ်ပဲ ကြည်နူးစွာပြုံးလိုက်မိပြီး ကားကို ကုမ္ပဏီဘက်သို့ ကွေ့လိုက်ရာ

"ဟင်..."

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ ကားကို လမ်းဘေးသို့ ထိုးရပ် လိုက်ကာ လှမ်းကြည့်လိုက်တော့ ကြိုးနှင့် ကောင်လေးတစ်ယောက်တို့ကို တွေ့လိုက်ရသဖြင့် သူ အံ့သြသွားလေသည်။

"သူက ဘယ်သူလဲ..."

မျက်နှာကိုတော့ သေချာမမြင်ရသေး။ နှစ်ယောက်သား လမ်းတလျှောက်လျှောက်ဖြင့် စကားပြောနေကြသည်။ ကောင်လေးပုံစံက အနောက်ကကြည့်ရတာ ငယ်မယ့်ပုံပဲ။ သူက ကြိုးရဲ့ဘေးကနေသာ စကား လိုက်ပြောနေတာ ကြိုးကတော့ သူနဲ့ ခပ်ခွာခွာကနေ လမ်းလျှောက်နေခြင်း ဖြစ်သည်။ တစ်ခါတစ်လေတော့ ထိုလူငယ်လေးက စကားပြောရင်း ကြိုး၏ ရှေ့ကို ကျော်တက်သွားပြီးမှ နောက်ပြန်ကြည့်ကာ ကြိုး ဘေးသို့ ပြန်ကပ်သွားသည့် အချိန်မှာတော့ မာန် မျက်မှောင်ကြုတ်သွား မိတော့သည်။

အချစ်သူရဲ​ကောင်း (Completed)Donde viven las historias. Descúbrelo ahora