အခန်း(၁၆)

212 5 0
                                    

💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၁၆) 💏

"ကြိုး မာန့်ဆီက တစ်ခုလောက်တောင်းဆိုချင်ပါတယ်"

"အင်း ပြောပါ ကြိုး ဘယ်လိုအရာကိုပဲဖြစ်ဖြစ် ကျွန်တော် လိုက်လျောပေးပါ့မယ်"

ကြိုး သူ့မျက်နှာကို အားနာစွာကြည့်လိုက်ပြီး

"ကြိုး မာန့်အချစ်ကိုယုံပါတယ် ဒါပေမယ့်"

ဆက်မပြောဘဲ သူ့ကိုသေချာကြည့်နေသည့် ကြိုးကိုကြည့်ကာ မာန် နားမလည်ဖြစ်သွားမိပြီး

"အင်း ဒါပေမယ့် ဘာဖြစ်လဲ ပြောလေ ကြိုး"

"ကြိုးကိုချစ်တဲ့ မာန့်အချစ်က ဘယ်အတိုင်းအတာအထိ ကြိုးအပေါ် နားလည်မှုပေးနိုင်မလဲ"

ကြိုး၏ စကားကြောင့် သူ့စိတ်ထဲမှာ နားမလည်နိုင်အောင်ဖြစ်သွားပြီး

"ကြိုးပြောချင်တဲ့အဓိပ္ပာယ်က ဘာလဲဟင် ကျွန်တော် နားမလည် လို့ပါ"

ကြိုးက သူ့ကိုကြည့်လာပြီးမှ သက်ပြင်းချလိုက်လေသည်။ ကြိုး၏ မျက်နှာက ကန်တော်ကြီးထဲက ရေတွေလိုမျိုး ကြည်လင်သန့်စင်နေတယ်လို့ ထင်ရပေမယ့်လည်း မိုးကောင်းကင်ကြီးလို အနည်းငယ်ညှိုမှိုင်းနေတာ ကိုတော့ သူ အကဲခတ်မိပါသည်။ ကန်တော်ကြီး၏ နေရာအသီးသီးမှာ အတွဲတွေအများကြီးရှိနေပေမယ့် သူတို့နှင့် အလှမ်းကွာဝေးနေတာမို့ ဘယ်သူ ဘယ်ဝါဆိုတာ သေချာမသိကြပါ။

"ကြိုးစိတ်ထဲမှာ စိုးမိုးနေတဲ့လူတစ်ယောက်ရှိနေတယ် မာန် ကြိုး သူ့ကိုမေ့ပစ်ဖို့အတွက် အချိန်နည်းနည်းယူရဦးမယ် အဲ့ဒါကြောင့် တစ်ကယ် လို့ ကြိုး မာန့်အချစ်ကို လက်ခံပြီးခဲ့ရင်လည်း ကြိုး သူ့ကို မေ့နိုင်အောင် မေ့ပစ်မှာမို့လို့ မာန် နားလည်ပေးနိုင်မလားလို့ ကြိုး ပြောချင်တာပါ"

"ဟင် ဒါဆို ကြိုးက ကျွန်တော့်လိုချင်တဲ့အဖြေကို ပေးတော့မယ် ပေါ့နော်"

ကြိုး စိုးရိမ်နေတာကို သူ မသိချင်ယောင်ဆောင်လိုက်ပြီး သူလိုချင် သည့် ကြိုး၏ အချစ်ကိုရတော့မှာမို့လို့ ပျော်သွားမိလေတော့သည်။ ကြိုးက သူ့ကို ခေါင်းညိမ့်ပြလာကာ

အချစ်သူရဲ​ကောင်း (Completed)Donde viven las historias. Descúbrelo ahora