💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၉) 💏ခုတင်ပေါ်မှာ ပက်လက်လှန်ကာ စဉ်းစားရင်းစဉ်းစားရင်းနှင့် သူ အဲသည့်လူငယ်၏ မျက်နှာကို မှတ်မိသွားလေ တော့သည်။
"ဟင်"
ဂျစ်ကန်ကန်နှင့် အဲသည့်ကောင်လေးက သူ စင်ကာပူကနေ ပြန်လာတော့ ဦးစောကိုယ်စား သူ့ကိုလေယာဉ်ကွင်းမှာ လာကြိုပေးသည့် ကောင်လေးပဲ။ သူ မှတ်မိသွားသည်နှင့် ကျေနပ်မိပေမယ့်လည်း ကြိုးနှင့် ပတ်သက်နေသည့် သူဖြစ်သဖြင့် သူ့စိတ်ထဲမှာ အလိုမကျဖြစ်သွားတဲ့စိတ်တွေကတော့ လျော့မသွားပေ။
"အစောင့်ကြီးရဲ့ပြောစကားအရဆိုရင် သူက ကြိုးကိုကြိုက်နေ တာတဲ့ သူ ကြိုးနောက်ကိုလိုက်တာ သုံးနှစ်ပြည့်တော့မယ်ဆိုပဲ အဲ့ဒါကို တောင် ကြိုးက သူ့ကိုအဖြေမပေးဘူးဆိုတော့ ကြိုး အဲ့ဒီကောင်လေးကို တစ်ကယ်သဘောမကျလို့ပေါ့"
သူ သူ့အတွေးနှင့်သူ ကျေနပ်သွားမိလေသည်။ အဲ့လိုသာဆိုရင်တော့ သူ ကြိုး၏ အချစ်ကိုရဖို့ မခက်ခဲဘူး ထင်မိသည်။ သူကအရာရာပြည့်စုံသည့်သူ တစ်ယောက် အချစ်ရေးကလွဲလို့ပေါ့။ သူ့ကို သဘောကျကြတဲ့ လုပ်ငန်းရှင် တွေရဲ့ သမီးတွေရှိကြပေမယ့်လည်း သူ ဘယ်သူ့ကိုမှသဘောမကျပါ။ သူသဘောကျတာ ကြိုးတစ်ယောက်ထဲပဲရှိတာ။ နတ်သမီးလေးတစ်ပါးလို လှပလွန်းသည့် ကြိုးကို သူချစ်ခဲ့မိတာမမှားပါ။ ဒါပေမယ့် ကြိုး၏ ပုံစံက သူ့အပေါ်မှာ အေးစက်လွန်းတယ်လို့တော့ သူထင်မိ၏။
"တီ တီ တီ"
ရုတ်တရက် ကြားလိုက်ရသည့် ဖုန်းသံကြောင့် သူ မျက်မှောင်ကြုတ် သွားကာ ဖုန်းကိုယူကြည့်လိုက်တော့ သူမသိသည့် နံပါတ်ဖြစ်နေ၏။ သူ့ အခုဖုန်းနံပါတ်ကို သိသည့်သူက သိပ်ပြီးမရှိပါ။ သူရင်းနှီးခင်မင်သည့် လူတစ်ချို့ ကိုသာ သည်ဖုန်းနံပါတ်ကို ပေးတာများ၏။ ဒါဆို သည်လူက အလုပ်နှင့် ပတ်သက်သည့်သူ တစ်ယောက်ယောက်များလား။ သူတွေးရင်းနှင့် ဖုန်းကို ကိုင်လိုက်လေသည်။
"ဟယ်လို"
"ကိုရတုမာန်လားရှင့်"
မိန်းကလေးတစ်ယောက်၏ အသံဖြစ်နေသဖြင့် သူ ပိုပြီးအံ့သြသွားရ တော့လေသည်။
DU LIEST GERADE
အချစ်သူရဲကောင်း (Completed)
Romantikကချင်ပြည်နယ်ရဲ့ အထင်ကရနေရာလေးတွေနဲ့ ကချင်တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးစံလေးတွေပါတာမို့ တိုင်းရင်းသားလေးတွေကို ချစ်မြတ်နိုးသူတိုင်း ဖတ်သင့်တဲ့ အချစ်၀တ္ထုလေးတစ်ပုဒ်ပါ။ ကချင်ပြည်က ဂိုဏ်းခေါင်းဆောင်ရဲ့သား အင်ခွန်လဘောင်ရှောင်(ခ)ရာဇဝင်ဦးဆိုတဲ့ကောင...