အခန်း(၂၁)

270 6 0
                                    

💏 အချစ်သူရဲကောင်း 💏
💏 အခန်း(၂၁) 💏

"ကိုခေါင် ဆေးက အချိန်ဘယ်လောက်ကြာဦးမှာလဲ"

သူ့အမေးကြောင့် ကိုခေါင်က လက်ကနာရီကိုကြည့်လိုက်ကာ

"နောက်ထပ် တစ်နာရီလောက်ဆိုရင် သခင်မလေး သတိရပါပြီ သခင်လေး"

"တစ်နာရီ"

"ဟုတ်ပါတယ် သခင်လေး အနားယူလိုက်ပါဦးလား သခင်လေး တစ်လမ်းလုံးလည်း တစ်ရေးမှ မအိပ်ဘူး"

"ရတယ် ကိုခေါင် ကျွန်တော် ဘာမှမဖြစ်ဘူး"

သခင်မလေး၏ လက်ကို ဆုပ်ကိုင်ထားသည့် သခင်လေး လက်တွေ က မြဲမြံနေလိုက်တာများ မသိရင် သခင်မလေးက နိုးလာသည်နှင့် ထွက်ပြေး သွားမည့် လူတစ်ယောက်လိုလိုပင်။

"အဲ့ဒါဆိုရင်လည်း သခင်လေး တစ်ခုခုစားပါဦး ကျွန်တော် သခင်လေးအတွက် စားစရာတစ်ခုခုလုပ်ပြီး ယူခဲ့ပေးပါ့မယ်"

သခင်လေးက သူ့ကို ခေါင်းလည်းမညိမ့် အသံတိတ်စွာဖြင့် နေနေ သဖြင့် သူလည်း အလိုက်သိစွာပင် သခင်လေး​၏ အခန်းထဲကနေ ထွက်လာလိုက်တော့သည်။ ရန်ကုန်က ပြန်လာသည့် တစ်လမ်းလုံးမှာလည်း သခင်လေး က သခင်မလေး၏ လက်ကို တစ်ခဏတောင်မလွှတ်ဘဲ သခင်မလေး မျက်နှာကို တစိမ့်စိမ့်ကြည့်ကာ လိုက်လာတာဖြစ်သည်။ သခင်မလေးကို သိပ်လွမ်းနေသည့် သခင်လေး၏ ခံစားချက်တွေက သခင်လေးမျက်နှာမှာ အထင်းသား ပေါ်နေလေသည်။ သခင်မလေးကို သိပ်ချစ်သည့် သခင်လေး အချစ်တွေက သစ္စာကြီးမားလိုက်တာနော်။

"မမ မမကို အခုလိုမျိုး ခေါ်လာခဲ့မိတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပါနော်"

တစ်ယောက်ထဲ တတွတ်တွတ်နှင့်သာ ပြောနေတာ ခုတင်ပေါ်က သူ့ အဖြူရောင်နတ်သမီးလေးကတော့ အိပ်မောကျနေဆဲပင် ဖြစ်သည်။ သူ မမကို လွမ်းတသသဖြင့် မမ လက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့် အသာဆွဲယူ လိုက်ကာနှုတ်ခမ်းနှင့် အသာလေး နမ်းလိုက်မိလေသည်။ သူ နမ်းလိုက်တော့ မမ လက်လေးတွေက လှုပ်ရှားလာ၏။

"ဟင်"

သူ အံ့သြစွာ မမကိုကြည့်လိုက်တော့ မမက မျက်လုံးပွင့်လာကာ မျက်နှာကြက်ကို သေချာကြီးကြည့်နေလေသည်။

အချစ်သူရဲ​ကောင်း (Completed)Donde viven las historias. Descúbrelo ahora