☄3☄

1.7K 199 19
                                    

Unicode

"Namjoon yarr....ကြာလိုက်တာ
မင်းပုံပြင်ပြမယ်ဆိုပြီး.............
အမလေးးးးးးးးးးးး"

Hoseok တယောက် Namjoon သူ့အခန်းပြန်သွားတာ ကြာနေ၍ သူ Namjoon ရှိရာသို့အလာ အခန်းတံခါးကို ဆွဲအဖွင့်
မြင်လိုက်ရသော မြင်ကွင်းကြောင့်
လော်စပီကာမလိုသော သူ့အသံက ဟိန်းထွက်လာတော့သည်။

"Hoseok ဟျောင့် တိုးတိုးနေ"
Namjoon တယောက် သူ့ပါးစပ်ကို အတင်းပိတ်ကာ အခန်းထဲသို့ ဆွဲခေါ်လာလိုက်သည်။

ဘယ်လိုလုပ် မလန့်ရှိမလဲ။
ယော်ရော်ဘွန်းတို့ စဥ်းစားကြည့်ပါအုံး
အခန်းထဲက ပစ္စည်းတွေ လေထဲ မြောက်နေတာလေ

အစတည်းက Hoseok ဆိုတာ အကြောက်ကြီးသလားမမေးနဲ့
အခုလို မျက်မြင်တွေ့တော့ ပိုဆိုးပြီပေါ့။

"Jimin ပစ္စည်းတွေ အကုန်ပြန်ချလိုက်တော့"
ထိုအခါမှ လေထဲက ပစ္စည်းတွေ သူ့နေရာနဲ့သူ အစီစဉ်တကျ ပြန်ကျလာသည်
အသံတစိုးတစိထွက်ခြင်းမရှိဘဲနဲ့လေ။

"Hoseok yarr
ငါ ရှင်းပြပါ့မယ် ကျေးဇူးပြုပြီး ခုနကလို အသံပြဲကြီးမအော်ပါနဲ့ကွာ
အဆောင်မှူးကြားရင် မင်းရော ငါရော
နတ်ပြည်ရောက်သွားလိမ့်မယ်"

Hoseok လည်း လန့်နေသော စိတ်ကို မနည်းပြန်ထိန်းကာ ထိုကောင်လေးအားကြည့်လိုက်သည်။

အသားကတော့ဖြူပါရဲ့
မျက်လုံးလေးတွေက မဆိုသလောက်လေးမှေးနေတယ်
နှုတ်ခမ်းကျတော့ ဖူးဖူးလေးဟ
ပြီးတော့ ပါး အဲ့ပါးက ဖောင်းနေတာပဲ

"Hyung
ဘာလို့ အဲ့လူက ကျွန်တော့်ကို တအားစိုက်ကြည့်နေတာလဲ"
Jimin ပြောမှ Namjoon လည်း သူ့သူငယ်ချင်းကြီးကို သတိထားမိတော့သည်။

ဟုတ်ပါ့ ကြည့်နေလိုက်တာ
မျက်စိတောင် ကျွတ်ကျမယ်။

"ဟျောင့် Hoseok
Hoseok
Yarrrrr.......Jung Hoseok!!!!!!"
Namjoon နားနားကပ်အော်တော့မှ
သူလည်း သတိဝင်လာလေသည်။

"မအော်နဲ့ကွ
ဘေးမှာ ရှိရဲ့သားနဲ့ သေအောင်အော်နေ"

"ငါ မင်းကို ခေါ်နေတာ ဘယ်နှစ်ခေါက်ရှိပြီလဲပြော မင်း အငမ်းလွန်းပြီး မကြားဘဲနဲ့များ"

"ငမ်းတာမဟုတ်ဘူးကွ
ထူးဆန်းလို့ ထူးဆန်းနေလို့ ကြည့်တာ
ဘာဖြစ်လဲ "
ကလေးမဟုတ် သူငယ်မဟုတ် ကိုက်နေကြသော သူငယ်ချင်း နှစ်ယောက်ပါလေ။

Jeon's Love Story (Completed) Where stories live. Discover now