☄16☄

1.2K 134 19
                                    

Unicode

အိမ်ရှေ့စံ ညွှန်ပြသော အိမ်ကလေးဆီသို့
သူ ချီလာလိုက်သည်။
ခုန ရေတံခွန်မှာတုန်းက သူအရမ်းစိတ်လှုပ်ရှားနေသည်မို့ ဖွင့်ပြောမိလိုက်သည်။
တကယ်တော့ ဒီ့ထက်ပိုကောင်းတဲ့နည်းလမ်းနဲ့ သူဖွင့်ပြောသင့်တာမလား။

အခုတော့ ကံကြမ္မာက သူ့ဘက်တွင်ရှိသည်ထင်။ အိမ်ရှေ့စံလေးအား ရင်ခွင်ထဲထည့်ကာ ပွေ့ချီလာခဲ့သည်။

"ရပြီ ဒီခုံလေးပေါ်ပဲချပေး"

"ဟုတ်ပါပြီ ဒါနဲ့ ဘောင်းဘီရေစိုနေတယ်လေ
ရေထဲလည်း ကျသွားသေးတယ်ဆိုတော့
အိမ်ရှေ့စံ နေမကောင်းဖြစ်အုံးမယ်
အဝတ်အစားအရင်လဲရအောင်"

"ရ...ရတယ်
ငါ့ဘာသာ ငါ လဲလိုက်မယ်"
အရှက်ကြီးရှက်နေသောအိမ်ရှေ့စံလေးကြောင့် သူအပြုံးကြီးပြုံးမိတော့သည်။

"ဘယ်မှာလဲ အဝတ်အစားတွေ
ကျွန်တော် သွားယူပေးမယ် "

"ဟိုအခန်းထဲက သေတ္တာလေးထဲမှာရှိတယ်"
သူ့စကားအဆုံး စာရေးဆရာမှာ အခန်းထဲ ဝင်သွားလေတော့သည်။
ဒီတော့မှ ရေတံခွန်မှာ စာရေးဆရာ ဆိုခဲ့သည့် စကားတွေကို ပြန်စဉ်းစားနေမိသည်။
"ချစ်တယ်တဲ့လား"
"ပြီးတော့ ငါဆယ်နှစ်သားတည်းက"
အံ့သြခြင်းများစွာသည် ရင်ဖိုလှိုက်ဖိုမှုများနှင့် ယှက်နွယ်လျက်။
ဒါဆို သူကရော စာရေးဆရာကို ချစ်ရဲ့လား
တကယ်တမ်း ပြန်တွေးကြည့်ရင်ဖြင့်
သူ စာရေးဆရာကို မြင်ချင်ခဲ့တာ
တွေ့ချင်ခဲ့တာ၊ သူ့အပေါ် တမျိုးထင်သွားမှာ စိုးတာတွေဟာ ဘာကြောင့်ပါလိမ့်။

အတွေးနယ်ချဲ့နေတာမို့ အနီးသို့ရောက်လာသော Thomas ကို သတိမထားမိခဲ့။

"အဟွန်း......အိမ်ရှေ့စံက သိမ်းထားတာလား"
လက်ထဲမှာ ကျူးလစ်ပွင့်ငယ်လေးနှင့် ပေလွှာလေးကိုင်လျက် ဆိုသည်။

"ငါ..က ကျူးလစ်တွေဆို သဘောကျမို့
အဲ့တာကြောင့် သိမ်းထားတာ "

"အိမ်ရှေ့စံ မညာတတ်ဘဲနဲ့ဗျာ"

"ဟိုဘက်လှည့်နေ ငါ အဝတ်အစား လဲအုံးမယ်"
ထိုသို့ပြောတာကြောင့် Thomas လည်း တဖက်သို့လှည့်ကာ မသိချင်ယောင်ဆောင်ပေးရတော့သည်။

Jeon's Love Story (Completed) Where stories live. Discover now