☄14☄

1.1K 149 12
                                    

Unicode

"သို့
စာရေးဆရာ
ဒီရက်ပိုင်း ငါ နန်းတွင်းထဲမှာ ရှိမှာမဟုတ်ဘူး
တစ်လတိတိပေါ့။ ပန်းချီသင်မဲ့ အချိန်ကို တစ်လနောက်ဆုတ်လိုက်ပါတယ်။ အစစအရာရာဂရုစိုက်ပါ ။
Alexandre "

တိုတောင်းသော စာပေလွှာလေး။
အတိအကျဆိုရရင် သူ့ကို အိမ်ရှေ့စံက
နှုတ်ဆက်သွားသည့် စာပေလွှာလေး။

ပန်းချီသင်ပေးခိုင်းမယ်လို့ အိမ်ရှေ့စံ ပြောချိန်တုန်းက သူ အံ့သြဝမ်းသာဖြစ်ခဲ့ရသည်။

"ငါ စီစဉ်မယ်
မင်းဘက်က သင်ပေးနိုင်အောင် ပြင်ဆင်ထား"
အိမ်ရှေ့စံ ထိုသို့ ပြောစဥ်က သူ့နှလုံးသားအစုံသည် တသိမ့်သိမ့်လှုတ်ခတ်နေခဲ့ပါသည်။
ပထမနေ့
အိမ်ရှေ့စံဆီက သတင်းမကြား။
ဒုတိယနေ့မှာလည်း သတင်းမကြား။
တတိယ စတုတ္ထနေ့တိုင်အောင် စာမလာ သတင်းမကြား၍ အိမ်ရှေ့စံ သူ့ကို လှည့်စားသွားပြီဟူ၍ ထင်ခဲ့သည်။
သူက အိမ်ရှေ့စံလေ မင်းလို သာမန်လူတယောက်ဆီက ပန်းချီသင်ပါ့မလား။
အိမ်ရှေ့စံလေးသာ အတွေးလွန်တတ်တာမဟုတ် စာရေးဆရာလည်းအတွေးလွန်တတ်ပါသည်။

သို့သော်ငြား နှစ်ပတ်အကြာမှာ သူမျှော်လင့်နေသော စာလွှာလေးရောက်ရှိလာလေသည်။

ပျော်လိုက်သည့်ဖြစ်ခြင်း။
လာပို့သည့်ခိုလေးဆီက စာလွှာလိပ်လေးယူပြီးတာနဲ့ သူဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သည်။

ရိုးရိုးရှင်းရှင်းလေးပါပဲ။
ဒါပေမယ့် သူရင်တွေ အဆမတန်ခုန်နေတာ ဘာကြောင့်များလဲ။
ညဆယ်နာရီတဲ့။
အိမ်ရှေ့စံလေး တွေ့ဖို့ ချိန်းတဲ့အချိန်
သူ နံရံကပ်နာရီကို မော့ကြည့်လိုက်တော့ ညနေ ငါးနာရီမို့ ချိန်းထားတဲ့အချိန်ရောက်ရန် ငါးနာရီတောင်လိုသေးသည်။
ပထမဆုံး သူဘာလုပ်ရမလဲ
အာ....ဟုတ်ပြီ အဝတ်အစားရွေးရမယ်
ဘာ ဝတ်သွားရမလဲ။
အဝတ်ပုံထဲ ခေါင်းစိုက်ကာ ရှာနေသော စာရေးဆရာပါလေ။

အဝတ်အစား ရွေးချယ်ခြင်းအလုပ်ပြီးတော့ ရေမိုးချိုးဖို့ပြင်သည်။
အရာအားလုံး အဆင့်သင့်ဖြစ်ချိန် နာရီကိုမော့ကြည့်လိုက်တော့ ည ရှစ်နာရီသာ ရှိသေးတာမို့ သူ ပန်းချီဆွဲရင်း အချိန်ဖြုန်းနေလိုက်သည်။
မကြာခင် နာရီမှ ဆယ်နာရီထိုးကြောင်း အသံပေးသည်နှင့် သူ့အာရုံတွေကို ပန်းချီကားမှ မြန်မြန်ဖယ်ထုတ်လိုက်သည်။
အချိန်အတိအကျ ရောက်သွားတာမို့ နန်းတော်နောက်ပေါက်တံခါးသို့ မပြေးရုံတမယ် သွားရတော့သည်။

Jeon's Love Story (Completed) Where stories live. Discover now