☄17☄

1.1K 126 11
                                    

Unicode

တဖြည်းဖြည်းနဲ့ Jiminသည် လက်ရှိ 2022ခုနစ် 21ရာစုတွင် လက်လျောညီထွေရှိလာသည်။ ကျောင်းစာတွေလည်း သူ့အတွက် မခက်ခဲတော့။ Hoseok hyung ရော
Namjoon hyung ပါ ရှင်းပြကြသည်။
လက်ရှိ Jung kook နဲ့ သူ့ရဲ့ အခြေအနေရော သိချင်ကြလား။
ပြောရရင် ရင်းနှီးလာပြီလို့ဆိုရမှာပဲ။
Hyung တို့တွေက နောက်ဆုံးနှစ်သမားမို့
အချိန်ပို ပိုရှိကြတာမို့ သူနဲ့ Jung kook နှစ်ယောက်အတူ အိမ်ပြန်ရက်တွေ စိပ်လာခဲ့သည်။

ဒီနေ့လည်း ထုံးစံအတိုင်း Busမစီးဘဲ
လမ်းလျှောက်ပြန်ကြသည်။

"Jiminကို တစ်ခုမေးလို့ရမလား"

"မေးလေ"

"စာရေးဆရာ Thomas ရဲ့ ပုံစံက ဘယ်လိုမျိုးလဲ."
ထိုမေးခွန်းကြောင့် သွားနေသောခြေလှမ်းတို့ကိုပါ ခေတ္တရပ်မိသွားသည်။

"မင်း သိချင်လို့လား"

"အွန်း...ဖြေလို့ အဆင်မပြေလို့လား
တောင်းပန်ပါတယ်
နောက်ဆို အဲ့လိုတွေ မမေး......"

"တော်တော့ Thomas
မင်းအခုထိ တဖက်လူဘယ်လိုခံစားရမလဲမတွေးပဲ စွတ်ပြောတတ်တုန်းလား....ဟမ်?"
Jimin မှာ အတိတ်က သူနဲ့Thomas၏ ပုံရိပ်တချို့မြင်ယောင်လာကာ ဤစကားတို့ သူ့နှုတ်မှ အလိုလိုထွက်ကြလာခြင်းပင်။
သူ့ရှေ့ကကောင်လေးမှာ သူ့စကားကြောင့် ကြောင်အနေဆဲ။

"အာ......ဆော်ရီးကွာ
ငါ.....ငါ့စိတ်က နည်းနည်း....."

"စိတ်ဖိစီးနေတာလား Jimin shiii
ဘာမှမဖြစ်ဘူးနော် သက်သာသွားမှာ"
Jung kook က သူ့ကို ရုတ်တရက် လှမ်းဖက်လိုက်ကာ ကျောပြင်ကို ပုတ်ပေးရင်းဆိုသည်။

" မိဘမဲ့ဂေဟာမှာ နေခဲ့ရတုန်းက
မေမေကြီးက ပြောဖူးတာတစ်ခုရှိတယ်
ဝမ်းနည်းနေတဲ့သူ စိတ်လှုပ်ရှားနေတဲ့သူတွေကို စိတ်ငြိမ်စေမဲ့ အကောင်းဆုံး နည်းက ပွေ့ဖက်ခြင်းတဲ့။
Jimin shiii က ပုံပြင်ထဲက လာတဲ့သူမို့
ခက်ခဲမယ်ဆိုတာ နားလည်ပါတယ်
အဆင်ပြေသွားမှာပါ"

သူ့ထက်အရပ်အနည်းငယ်ပိုရှည်ကာ လူကောင်ထွားသော Jung kookမှာ
အရင်အချိန်တုန်းကThomasလိုမျိုး သူ့အပေါ် အနွေးဓာတ်ပေးနိုင်တုန်းပဲ။
ထိုအခါမှ သူ့စိတ်ထဲ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်တော့သည်။
"မင်း ပြန်မှတ်မိလာအောင် အစွမ်းကုန်ကြိုးစားတော့မယ်"ဟု။

Jeon's Love Story (Completed) Where stories live. Discover now