☄19☄

1.1K 139 18
                                    

Unicode

Room No.58
ဆေးရုံကုတင်ထက် မေ့မြောနေသော သူ့ချစ်ရသူ၊ သူ့ကိုမမှတ်မိသော စာရေးဆရာ ။
သူရှိရာ ရောက်ဖို့ Reception က Nurseတယောက်ကို မေးယူလိုက်ရသည်။
ဒီကို လူတစ်ယောက်က လာပို့ပြီး လူနာရှင် မည်သူမှန်းမသိကြောင်း၊ အခန်းနံပါတ် 58တွင်ရှိကြောင်းပြောမှ သူကမန်းကတန်းရှာပြီးတက်လာလိုက်ရသည်။

ဝယ်လာသော ကျူးလစ်ပန်းရောင်လေးအား ကုတင်ဘေးရှိ စားပွဲခုံလေးထက် ပန်းအိုးလေးထဲ ထိုးထားလိုက်သည်။
"အာ....ငါ မေ့နေတာပဲ
Jung kook အခြေအနေ ဆရာဝန်ကို သွားမေ့ကြည့်ရမယ်
နောက်ပြီး Namjoon hyung တို့ကိုလည်း အကျိုးအကြောင်း ဖုန်းဆက်မှပဲ"
ဖုန်းလေးကို ထုတ်ကာ Namjoon hyung ကိုအရင်ခေါ်လိုက်သည်။

"ဟယ်လို Hyung "
"ကျွန်တော်တို့ ဘူဆန်တော့ရောက်ပြီ ဂေဟာမရောက်ဖြစ်သေးဘူး"
"လမ်းမှာ အက်ဆီးဒင့်ဖြစ်လို့..."
"ဟုတ်...ကျွန်တော်က ဘာမှ အဲ့လောက်မထိခိုက်ပေမဲ့ အခု Jung kook ကတော့ သတိလစ်နေတယ်...Hyung "
သူ့စကားပြောသံတွင် ငိုသံမပါအောင် မနည်းထိန်းပြောနေရသည်။
ကုတင်ပေါ်က သတိမေ့နေသည့် ချစ်ရသူကိုမြင်တည်းက သူ့စိတ်အစဉ်သည် အဆင်ပြေမနေသလို အားတင်ထားရန်လည်း မစွမ်းသာခဲ့ပါ။
Namjoon hyung က မနက်ဖြန် လိုက်လာမည်ဟု ပြောကာ သူ့ကိုလည်း ဂရုစိုက်ဖို့ပြောရင်း ဖုန်းချသွားသည်။
ထို့ကြောင့် Jung kook အခြေအနေမေးရန်နှင့် ဆေးရုံစရိတ်ရှင်းရန် ကုတင်ဘေးကလှည့်ထွက်ကာ တံခါးနားအရောက်-

"မောင့်ဆီ ပြန်လာပေးပါ... မောင့်အပိုင်လေး

မောင့်ကို မထားခဲ့နဲ့နော် "
ကြားလိုက်ရသော ငိုသံစွက်နေသည့် အသံလေး။
သူ လှည့်ကြည့်လိုက်တော့ ကုတင်ထက်က Jung kook မှာ မျက်စိမှိတ်လျက်သားပေမဲ့ ပါးပြင်ပေါ် မျက်ရည်တွေ စီးကျနေတာမို့ အနားပြန်လာကာ သူသုတ်ပေးနေလိုက်သည်။

"မောင်...
မင်း တကယ်ပဲ အရာအားလုံးကို မှတ်မိသွားပြီလား ဟင်"
သူ မေးသော်လည်း စကားပြန်မလာမိတာမို့
ယောင်ယမ်းနေခြင်းသာဖြစ်ပါလိမ့်မည်ဟု ထင်ပြီး သူဘယ်မှမသွားတော့ဘဲ ကုတင်ဘေးက ခုံတန်းလေးမှာ ထိုင်ကာ စကားတွေအများကြီးပြောနေလိုက်သည်။

Jeon's Love Story (Completed) Where stories live. Discover now