Unicode
"ပန်းရောင် ကျူးလစ်လေးတွေက ဆိုတယ်
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ၊ မင်းပျော်ရွှင်ပါစေလို့ ချစ်ခြင်းများစွာဖြင့် ငါဆုတောင်းလိုက်ပါရဲ့"
ရိုးရိုးရှင်းရှင်းလေးပါပဲ။
ပေလွှာထက်က စာကြောင်းလေးတွေကိုဖတ်ရင်း ကျူးလစ်ပန်းလေးတွေကို အသာလေးမွှေးကြူလိုက်သည်။
နောက်ပြီး ပေလွှာလေးနဲ့တကွ ထိုပန်းလေးကို သေချာစွာ သိမ်းဆည်းလိုက်သည်။"ဒေါက် ဒေါက်"
"Jameလား ဝင်ခဲ့လေ"
"Alex ငါ တောင်းပန်ပါတယ်
ဒီတခေါက်လည်း မင်းကို သေချာမစောင့်ရှောက်နိုင်ဘူး
တောင်းပန်ပါတယ် "
ခေါင်းကြီးအတင်းငုံ့ကာ တောင်းပန်စကားဆိုနေသော Jameကြောင့် သူရယ်မိပြန်သည်။"မင်းကို ဘယ်တုန်းက စိတ်ဆိုးဖူးလို့လဲ
ပြောစမ်းပါအုံး"
ထိုအခါမှ Jameရဲ့လေးထောင့်ဆန်ဆန်အပြုံးလေးနှင့် ခေါင်းမော့ကြည့်လာသည်။"ငါ ပန်းချီသင်မလို့"
"ဘယ်သူ့ဆီမှာလဲ Alex
နန်းတော်ထဲမှာ ပန်းချီပညာတော်တဲ့သူတွေ တော်တော်များတယ်
Alexက ဘယ်သူနဲ့ သင်ချင်လို့လဲ""သူက နန်းတော်ထဲက မဟုတ်ဘူး
သာမန် အရပ်သားထဲက"Alexပြောသော စကားကြောင့်
သူ ခေါင်းမီးတောက်သွားတော့သည်။
ဘုရားသခင်ကယ်ပါ
ဒီအကြောင်းတွေ ဘုရင်နဲ့ မိဖုရားသာသိရင် မိုးမီးလောင်တော့မှာပဲ။"အဲ့တော့ မင်းငါ့ကို ကူညီ"
"မဖြစ်လောက်ဘူး ထင်..တယ်..နော်"
"မင်း ငါ့ကို မကူညီဘဲနေမှာလားပြော"
"စိုးရွံမိပါတယ်
အကယ်၍များ ဘုရင်နဲ့ မိဖုရားသာ..""ခိုး သင်မှာပေါ့"
အခုမှ သူ့ခေါင်းပေါ် မိုးကြိုးအတောင့်လိုက်ပစ်ချလိုက်သလိုပါပဲ။
နှစ်တိုင်း နန်းတော်ထဲက ခိုးထွက်တာတောင်
ဘုရင်မသိလို့။
သိများသိရင် ဒီတသက် နန်းတော်ဂိတ်တံခါးဖွင့်မဲ့အရေးမမြင်။
ဒီကြားထဲ သူရှိနေလို့သာ Alexကို ဘုရင်ကြီးတို့က စိတ်ချထားတာ။
အခုလိုတွေလုပ်နေတာကို သိရင်ဖြင့်
သူ့အတွက် သေဒဏ်လား
နယ်နှင်ဒဏ်လား တခုခုပဲ။
YOU ARE READING
Jeon's Love Story (Completed)