☄18☄

1.1K 137 25
                                    

Unicode

လပြည့်နေ့ည။
ကောင်းကင်ယံက လမင်းကြီးမှာ အရင်နေ့တွေတုန်းကထက် ဒီနေ့ပိုလုံးဝန်းနေသယောင်

ညယံတစွန်းတစကြားရသော ပုရစ်ကလေးတွေ၊သတ္တဝါသေးသေးလေးတွေအော်သံမှာလည်း ဒီနေ့မှပို၍ နားဝင်ချိုနေသယောင်ပါပဲ

အိမ်ကလေးရဲ့ရှေ့ သစ်ပင်ကြီးရဲ့အောက်မှာ
ကောင်လေးတစ်ယောက် ဂနာမငြိမ်ဖြစ်နေသည်ကို သစ်ပင်ကြီးသာ စကားပြောတတ်ရင် မျက်စိနောက်တယ်လို့ပြောမလားပဲ။
ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ
သက်ပြင်းတွေအခါခါချနေသူသည် ဒီနေ့အဖို့ စိတ်အလှုပ်ရှားဆုံးဆုကိုပေးမှရတော့မည်။

"အရင်ဆုံး စိတ်ကိုငြိမ်ငြိမ်ထားမှရမယ်"
စာရေးဆရာလေးသည် စိတ်ငြိမ်ဂါထာတစ်ခုရွတ်ဖတ်ကာ ဝင်လေထွက်လေရှုရင်း စိတ်ငြိမ်အောင်ကြိုးစားနေလေသည်။
ဟော.....ရလာပါပြီ
ကျူးလစ်နံ့ သင်းသင်းလေး။
သူမျက်လုံးနှစ်လုံးဖွင့်ကြည့်တော့ သူ့မျက်နှာနား ရောက်နေသော အိမ်ရှေ့စံလေး မြင်လိုက်ရသည်။

"အမလေးးးး"
တကယ်တော့ လန့်ရမဲ့သူကသူပါ။
ဒါပေမဲ့ အိမ်ရှေ့စံလေးကတော့ ဆန့်ကျင်ဘက် ။

"မင်းက ဘာလို့ မျက်လုံးဖွင့်လိုက်တာလဲပြော"

"ကျူးလစ်နံ့လေး ရလို့ပေါ့ဗျာ
ဒါနဲ့ နေပါအုံး အိမ်ရှေ့စံလေးက ကျွန်တော့်နား ကပ်လာတာမဟုတ်ဘူးလား
လန့်မဲ့လန့် ကျွန်တော်က လန့်ရမှာလေ"
သူသည် အနည်းငယ် ရှက်အမ်းအမ်းဖြစ်နေသော သူ့ရှေ့က ချစ်ရသူလေးအား စနောက်လိုက်သည်။

"မင်းဆက်ပြီး နောက်နေမယ်ဆိုရင်
ငါ...အိမ်ထဲ ပြန်ဝင်လိုက်မှာ"

"အဲ့လိုတော့ မလုပ်ပါနဲ့ "
ပြောကာ သူ့လက်တစ်ဖက်ကို စာရေးဆရာက လှမ်းဆွဲလိုက်သည်။

"ကျွန်တော် ရင်တွေခုန်နေတာ အဆမတန်ပဲ
ဒီလိုသာ မဖြေဘဲထွက်ပြေးရင် ကျွန်တော် ရူးသွားမလားပဲ"
Thomas က သူ့လက်ကို ကိုင်ထားရင်းပင် ပြောလာသည်။

"ပေး...ပေးမှာပါ
အခုတော့ လက်ကိုလွှတ်"
အရှက်သည်းလှသော ကျူးလစ်ငယ်လေးသည် လရောင်အောက် ပိုးသားညအိမ်ဝမ်းဆက်ကလေးနှင့် လှမြဲလှဆဲ။

Jeon's Love Story (Completed) Where stories live. Discover now