☄12☄

1.2K 178 15
                                    

Unicode

ဒီနေ့ စာပေမေဂျာက ကျောင်းသားတွေစုပြီး ပြုလုပ်တဲ့ ဟောပြောပွဲ အခမ်းအနားရှိသည်။

"Namjoon မင်းပြောရမဲ့ဟာတွေ
အကုန်လေ့ကျင့်ပြီးပြီလား"

"အေး...ညတုန်းက တစ်ခါ
ဒီမနက် တစ်ခါ လေ့ကျင့်ပြီးသွားပြီ
ဒီဟောပြောပွဲ မတိုင်ခင် တစ်ပတ်အလိုလောက်တည်းက ငါတို့ လေ့ကျင့်ထားပြီးသားလေ"

ဘယ်လောက်ပဲ လေ့ကျင့်ထားထား ပွဲချိန်နီးလာတော့ စိတ်လှုပ်ရှားတတ်တာ သဘာဝပဲမလား။

"Namjoon yarrr
ငါ လုပ်နိုင်ပါ့မလား
ငါ့ပုံစံကို ကြည့်ပါအုံး အိုခေမှာ စိုပြေရဲ့လား"
ပွဲချိန်နီးလာလေ Hoseok မှာ ထုံးစံအတိုင်း
ပြာယာခတ်လာသည်။

"မင်းငြိမ်ငြိမ်နေလို့ မရဘူးလား
မျက်စိကို နောက်နေတာပဲ"
သူ့သူငယ်ချင်း Hoseok ကိုကြည့်ကာ
ပြောလိုက်သည်။

"မင်း အရမ်းစိတ်လှုပ်ရှားနေရင်လည်း
ငါ့အတွက် ကျောင်းနားက မီနီမတ်( Mini mark)တစ်ခု မှာ အချိုရည်သွားဝယ်ပေး"
Hoseok ကို မြန်မြန်တွန်းလွှတ်ကာ အခန်းအပြင်သို့ ထုတ်လိုက်သည်။

ဒါတောင် မသွားသေးဘဲ ဘုကြည့်ကြည့်နေသည်မို့
"ဟောပြောပွဲစဖို့ နာရီဝက်တောင် လိုသေးတယ်လေ အပြင်လေးဘာလေးထွက်ရင်း
လေညှင်းခံပြီး ပြန်လာခဲ့
ဒါမှ မင်းစိတ်တွေ တည်ငြိမ်သွားမှာ"
Namjoon ပြောသောစကားမှာ သူ့ရဲ့ အခုအခြေအနေနဲ့ဆို လိုအပ်တဲ့ အကြံပြုချက်ဖြစ်တာမို့ ကျောင်းဝန်းပြင်ကို ထွက်လာလိုက်သည်။

"ဘုတ်"
ကိုယ့်အတွေးနဲ့ကို လျှောက်လာတာမို့
ထောင့်ချိုးအကွေ့မှာ လူတစ်ယောက်နှင့် ဝင်တိုက်မိခြင်း။

"အာ.....ဆော်တီးပါဗျာ
မမြင်လို့"
သူ တောင်းပန်စကားဆိုရင်း မော့အကြည့်
မြင်လိုက်ရတဲ့ အဖြူရောင် အရာလေး။

"ဒီမှာ... "

"ဒီမှာ..... "

"ဟင်......ဟမ်....ဘာပြောတာ"
သူ့အရှေ့က အဖြူလုံးလေးအား တဒင်္ဂမျှ
ငေးမိသွားသည်။

Namjoon ပြောတဲ့ မြင်မြင်ချင်း အချစ်ဆိုတာ ဒါမျိုးပါလား။

"စာပေမေဂျာ အဆောင်က ဘယ်နားမှာလဲ"

Jeon's Love Story (Completed) Where stories live. Discover now