☄21☄

1.2K 122 17
                                    

Unicode

နန်းတက်ပွဲသည် အဆင်ပြေပြေချောချောမွေ့မွေ့ပြီးဆုံးသွားခဲ့သည်။
ခုနစ်ရက်အတွင်း အမြန်ပြင်ဆင်ရတာကြောင့် နန်းတော်တစ်ခုလုံး အလုပ်ရှုပ်နေကြသည်။
သူဆိုလျှင် စာရေးဆရာလေးနဲ့ မတွေ့ရသည်မှာ ပြန်ရောက်ကတည်းကပဲဆိုပါတော့

လွမ်းလိုက်တာ မောင်ရယ်...............။
အိမ်ရှေ့စံလေးမဟုတ်တော့သော ဘုရင်ငယ်လေးက ဘုရင်တင်မြှောက်သည့် အခမ်းအနားပြီးဆုံး၍ အခန်းထဲ ပြန်ရောက်ရောက်ချင်း ပေလွှာလေးထုတ်ကာ စာတစ်ချို့ကို အလျင်အမြန် ရေးကာ ခိုငယ်လေးအား ပေးပို့စေလိုက်သည်။

"မောင်....
တွေ့ကြရအောင်နော်"
Thomas သည် ပေလွှာလေးအား ကိုင်ကာ
လွမ်းမောခြင်းအပြည့်နှင့် ကောင်းကင်ပြာအား အကြည့်ပို့လိုက်သည်။
မောင်ရောပဲ..............လွမ်းနေတာ။
စကားလုံးတွေ အများကြီး မလိုပါဘူး
စာတတန်ပေတတန်အရှည်ကြီးတွေ ရေးပေးစရာ မလိုပါဘူး
အဓိက ရေးသူရဲ့ရဲ့ စိတ်ကို သိနေဖို့ပဲလေ။

သူသည် Alexစာလွှာလေးရသည်နှင့် အစစအရာရာ ပြင်ဆင်ကာ ညဆယ်နာရီမထိုးခင်တည်းက သွားစောင့်နေလိုက်သည်။
ကျူးလစ်တစ်ပွင့်နဲ့ စာလွှာလေးတစ်စောင်ဟာ လည်း မပါမဖြစ်ပေါ့။
စာလွှာလေးထဲမှာ အချိန်ထည့်မရေးလည်း
ဘယ်အချိန်တွေ့ကြရမယ်ဆိုတာ
သူသိပါသည်။
နန်းတော်ထဲမှာ ညဆယ်နာရီရောက်မှပဲ
ဘုရင်ငယ်လေး အပြင်ခိုးထွက်လို့ရတာလေ။

"Alex...."
တွေ့ပါပြီ.... သူ၏ ချစ်ရသူကျုးလစ်ငယ်လေး။

"Mulsa ကွင်းပြင်ဆီ သွားကြရအောင် "

ဒီကွင်းပြင်ကျယ်ကြီးသည် တနည်းအားဖြင့် ကျွန်တော်တို့ ဆုံစည်းရာ ဌာနလေးဖြစ်သည်
ဒီတစ်ခါတော့ ခုံတန်းလေးမှာ မထိုင်တော့ပဲ မြေပြင်ပေါ်မှာပဲ ခြေလေးဆန့်ကာ ထိုင်မိကြသည်။
ကောင်းကင်မှာ လပြည့်ညမဟုတ်ပေမဲ့ ကြယ်တွေတော့ စုံနေခဲ့သည်လေ။

"မောင်..."
ကြယ်ရောင်လေးနဲ့ အပြိုင် မျက်ဝန်းတောက်တောက်လေးတွေဟာ သူ့တစ်ဉီးတည်းပိုင်ဆိုင်သော နာမ်စားငယ်လေးကို မျက်လုံးချင်းဆုံလိုက်ပြီး ခေါ်လိုက်သည်။
နောက်ထပ် စကားသံထပ်မထွက်လာတော့ပေမဲ့ ထိုမျက်ဝန်းထဲက စကားတွေရဲ့ အဓိပ္ပာယ်ကို မောင်နားလည်နေခဲ့တယ်လေ။

Jeon's Love Story (Completed) Where stories live. Discover now