☄5☄

1.5K 190 19
                                    


Unicode

"အာ.....Hyung ပြန်ရောက်လာပြီလား."

"အေး ခုနလေးမှ ရောက်တာ
အလုပ်ရသွားတာ ဝမ်းသာတယ်ကွာ"
Namjoon အဆောင်ပြန်ရောက်ပြီးမကြာခင်မှာပဲ Jung kook တယောက် ရေချိုးပြီး ထွက်လာတာဖြစ်သည်။

"ဒါနဲ့ Hyung စာမူပေးပြီးပြီလား"

"ဟမ်....ဘယ် စာမူလဲ
အာ......ဟို စာတိုက်ပေးရမဲ့ဟာလား
အဲ့ဒါ ငါမပေးချင်တော့လို့"
တကယ်လည်း သူရေးတဲ့ပုံ​ပြင်မှာ ကော်ပီယူ
ကာ ဆက်ရေးသည်မို့ ဖြစ်သည်။

"ကျွန်တော် ဖတ်ကြည့်ချင်တယ်"
Jung kook မှာ သူရေးသမျှပုံပြင်တိုင်း ဖတ်ပေး ဝေဖန်ပေးနေကြဖြစ်သည်။

"ဟို စားပွဲပေါ်မှာတင်ထားတယ်
ယူဖတ်ကြည့် ငါရေချိုးလိုက်အုံးမယ်"
Jung kook လည်း ထိုစာအုပ်ကို ယူကာ သူ့ခုတင်ထက် လှဲရင်းဖတ်နေလိုက်သည်။

"ဘယ်လိုလဲ Hyung ရေးထားတာ
တကယ်က အဲ့ပုံပြင်က ဆရာကြီး Thomas ရဲ့ ပုံပြင်ကို ပြန်ဆက်ရေး..........
Jung kook yarrrr............
ဘာဖြစ်တာလဲ "
Namjoon ရေချိုးပြီး ထွက်လာချိန်တွင် Jung kook စာဖတ်နေသည်အထင်ဖြင့် သူရေးထားသည်မှာ စာရေးဆရာ Thomas ပုံပြင်ဆက်ရေးထားကြောင်း ပြောရန်ရှိသေး
တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်လုံးတွေပြာကုန်သည်။

"Jung kook..... အဆင်ပြေလား
ခေါင်းက ဘာဖြစ်လို့လဲ "

လက်နှစ်ဖက်က ခေါင်းကို အုပ်ကိုင်ရင်း မျက်နှာတခုလုံးလည်း ချွေးစေးတွေပြန်နေသည်

"ခေါင်းထဲမှာ ဘာတွေပေါ်လာတာလဲ မသိဘူး
ခေါင်း......ခေါင်း ကိုက်တယ်
ပေါက်ထွက် မတတ်ဘဲ"

"လာ....လာ...လမ်းရောလျှောက်နိုင်လား
အဆောင်ဆေးခန်းကို သွားရအောင် "

"မရလောက်ဘူး Hyung
မူးတယ် ခေါင်း တအားမူးလာတယ်"

"ဒါဆို ခဏလေးစောင့်
Hyung Dr.ကို သွားခေါ်လိုက်မယ်"

သူတို့ အဆောင်တွင် အခြားအဆောင်တွေနဲ့မတူ ဆေးခန်းရှိသည်။
ဆေးခန်းမှာ အဆောင်ပိုင်ရှင် သားကိုယ်တိုင်က ဖွင့်ထားခြင်းဖြစ်သည်။
အကြောင်းတခုကြောင့် တာဝန်ကျရာ ဆေးရုံမှ အလုပ်ထွက်ကာ အခုလို ဆေးခန်းလေးဖွင့်ထားခြင်းပင်။

Jeon's Love Story (Completed) Where stories live. Discover now