☄8☄

1.3K 151 11
                                    

Unicode

"Jimin ဒါက ပထမနှစ် စာပေမေဂျာတွေကို သင်ပေးတဲ့ အခန်း
Hyung က နောက်ဆုံးနှစ်ရောက်နေပြီဆိုတော့ Jiminနဲ့တော့ အတန်းချိန်မတူနိုင်ဘူး
နေ့လည်စာစားချိန်ကျ canteenမှာတွေ့ကြတာပေါ့"

"ဟုတ်ကဲ့ Hyung
ဒါနဲ့ ကြိုက်တဲ့နေရာမှာ ထိုင်လို့ရတာလား"

"အင်း.....
လွတ်တဲ့နေရာလေးမှာ ဝင်ထိုင်လိုက်ပေါ့
တစ်ခုခုလိုတာရှိရင် Hyung ဆီ ဖုန်းဆက်လိုက် Hyung အတန်းရှိလို့သွားလိုက်အုံးမယ်"

"ကောင်းကောင်း သွားပါ Hyung "

"Jiminလေးရောပဲ"
ခေါင်းက ဆံစလေးတွေအား ဆွဲဖွကာ
Hyung က သူ့အတန်းရှိရာ ထွက်သွားသည်။

အခုတော့ သူတစ်ယောက်တည်း
ပထမဆုံး စာသင်ကြားရမည်ဖြစ်သော အတန်းထဲသို့ ဝင်လိုက်သည်။

သူက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်ကလာတယ်ဆိုပြီး ဘာလို့ ဒီကိုရီးယားနိုင်ငံရဲ့ စကားကို နားလည်နေတာလဲ၊ ပြောနိုင်နေတာလဲဆိုတာ သိချင်ကြမှာပေါ့ ။

ကျွန်တော်က ဇာတ်လမ်းပြောင်းသွားလို့ ဒီဘက်ခေတ်လူဝင်စားပုံစံမျိုးဖြစ်ခဲ့တယ်။
ဟိုတုန်းလို သူ့ကိုယ်ရောင်ကိုယ်ဝါအားလုံးမရှိတော့ပေမဲ့ အနည်းငယ်တော့ ကျန်ရှိနေပါသေးသည်။
သူ ပစ္စည်းတွေကို လေပေါ်မြောက်ပြနိုင်သေးတယ်
အရင်ကလို ဘာမဆို အလွယ်တကူ တတ်မြောက်နိုင်တဲ့ ဉာဏ်လေး ရှိသေးတယ်
Thomas သင်ပေးခဲ့တာ မှော်ပညာအနည်းငယ်ဟာ သူအခုထိတတ်မြောက်အသုံးချ၍ ရတုန်း။
သူ Thomas ကို ရင်နင့်အောင် ချစ်တဲ့အချစ်တွေဟာလည်း နုပျိုလက်ဆတ်နေတုန်းပါပဲ။

ပြောင်းလဲသွားတာတစ်ခုက
သူ့ကိုယ်သင်းနံ့ပဲ။
အရင်လို ကျူးလစ်ရနံသင်းသင်းမထွက်တော့ဘူး။

မောင် ငါ့ကို မမှတ်မိတာကြောင့်များလား။

မောင်သည် သူ့အတွေးတို့ကို စိုးမိုးမြဲစိုးမိုးဆဲ။
မကြာခင် သင်ကြားပေးမဲ့ ဆရာရောက်လာတော့မှ သူ့အတွေးစတို့ကို ဖြတ်ကာ ဒီဘက်ခေတ် စာပေတွေပေါ် အာရုံစိုက်ထားလိုက်သည်။
သင်ရတာ မခက်ခဲဘူးပြောရင် ကျွန်တော် လိမ်ပြောရာ ကျမှာပေါ့နော်။
ဘယ်လောက်ပဲ သင်ယူတတ်မြောက်လွယ်လွယ် စတင်ခြင်းတိုင်းဟာ အနည်းငယ်တော့ အခက်အခဲရှိသေးသည်။

Jeon's Love Story (Completed) Where stories live. Discover now