☄4☄

1.5K 175 7
                                    

Unicode

"အိမ်ကြီးက လှသားပဲ "

"ဟုတ်တယ် ဒါ Hyungတို့အိမ်
အဖေရောအမေရောက ကိုရီးယားမှာ မရှိဘူး
Hyung တယောက်တည်း နေတာမို့ မင်းလွတ်လွတ်လပ်လပ်နေလို့ရတယ်"

"ကျေးဇူးပါဗျာ "

"ကျေးဇူးပဲ Hoseok yarr
မင်းမကူညီရင် သူ့ကို ဘယ်မှာ ထားရမှန်းမသိလို့ ငါတော်တော် အခက်တွေ့နေတာ
ညက တော်တော်နဲ့ အိပ်မပျော်ဘူး"
အပိုတွေပါ ။
သူ အိပ်မပျော်ခင်တည်း ခလူးခလောနဲ့ အိပ်မောကျနေတာများ ဆင်အော်တောင်နိုးမဲ့ပုံ မပေါ်ဘဲနဲ့။
Jimin စိတ်ထဲ ပစ်ပစ်နှစ်နှစ်ပြောလိုက်သည်
ယော်ရော်ဘွန်းတို့ စဉ်းစားကြည့်ပါအုံး
သူပြောတဲ့ပုံက မသိရင် ကျွန်တော့်ကြောင့်
သူ အိပ်မရတဲ့ပုံစံမျိုးနဲ့လေ။
တကယ် ဒီဘက်ခေတ်ကလူတွေက အားကြီး ကလီကမာတွေ။

ဘာပဲပြောပြော သူတို့ နှစ်ယောက် ကြောင့်
Jimin လည်းနေစရာတစ်ခု ရသွားသည်မို့ ကျေးဇူးတင်သည်မှာ အမှန်ပင်။

"Jimin အတွက် အဝတ်အစားတွေ ဝယ်ပေးရမယ် ပြီးတော့ အသုံးအဆောင်အချို့​ေကာပဲ"

Jiminလည်း သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်သည်။
ဟုတ်ပါရဲ့ သူ့အဝတ်အစားဟာ တစ်ကိုယ်လုံး အဖြူရောင်ဖြစ်တာမို့ အခုချိန် နည်းနည်းညစ်ထပ်ထပ်ဖြစ်နေသည်မို့ မသတီတော့သည်မှာ အမှန်ပင်။
သူ ဘုရင်ဘဝတုန်းက မဟုတ်သေးဘူး
မင်းသားဘဝတည်းက သူ့မှာ အဝတ်အစားဝတ်ဆင်ရာတွင် ထပ်သည်မရှိ
အမြဲသစ်လွင်တောက်ပကာ ကျော့မော့နေသူ
ပြီးတော့ သူ့ကိုယ်သင်းနံ့သည်
ကျူးလစ်နံ့သင်းသင်းထွက်သည်။
သူမွေးဖွားချိန်က တစ်တိုင်းပြည်လုံး ကျူးလစ်ပင်တွေ ဝေဆာစွာ ပွင့်ဖူးခဲ့သည်
အချိန်အခါမဟုတ်သော်ငြားလည်း။

အခုတော့ Namjoon hyung ပြင်လိုက်သော ပုံပြင်ဇာတ်လမ်းအရ သူဟာ သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့သည်။

အခုဆို သူ့ကိုယ်သင်းနံမှာ အရင်လို ကျူးလစ်နံ့ မသင်းနိုင်တော့။

"Jimin အဆင်ပြေရဲ့လား "
သူ မတ်တပ်ရပ်လျက်ကြီး စဥ်းစားခန်းဖွင့်နေသောကြောင့် Namjoon hyung က မေးနေခြင်းပင်။

Jeon's Love Story (Completed) Where stories live. Discover now