☄22☄

1.2K 119 15
                                    

Unicode

ဘူဆန်အထွေထွေဆေးရုံ၏ အခန်းလေးတစ်ခန်းထဲတွင် လူနာရှင်ကောင်လေးအား ကျန်ကောင်လေးတစ်ယောက်မှ ဆန်ပြုတ်ခွံ့ကျွေးနေလေသည်။

"တော်ပြီ....... မောင် မသောက်ချင်တော့ဘူး "

"ဒါဆို ဆေးသောက်မယ်နော်"
ဆရာဝန်မှာကြားထားသည့်အတိုင်း ဆေးလုံးအချို့ကို လက်ထဲထည့်ပေးကာ ဆေးသောက်ခိုင်းလိုက်သည်။

"ပြီးပြီ"
Jung kook သည် အတိတ်တို့ကို ပြန်မှတ်မိကတည်းက သူ့အား တောင်းပန်စကားကိုသာ
တဖွဖွပြောတတ်သည်။
အတိတ်ကို မေ့နေတဲ့အကြောင်းနှင့်
Jimin ကို ပုံပြင်ထဲ တယောက်တည်း ထားခဲ့မိခြင်းကြောင့်ပေါ့။

"မောင်...
ရေပတ်တိုက်မယ်နော်"
လူနာစောင့်လုပ်နေသူကောင်လေး တနည်းအားဖြင့် သူ့ချစ်ရသူ။
မောင့် ဘုရင်ငယ်လေး။
မောင့် Jimin လေးပေါ့။

ဆေးရုံအဝတ်အစားမှ ကြယ်သီးတစ်လုံးဆီကိုဖြုတ်ကာ ရေစွတ်ထားသော သဘက်လေးနှင့် ရေပတ်တိုက်ခြင်းကို ပြုသည်။
ရေပတ်တိုက်ပေးနေသည့်ကောင်လေးကို
လူနာကောင်လေးက မမှတ်မသုန်ငေးကြည့်နေလျက်ပေါ့။
ရီလိုက်ရင် ပိတ် ပိတ်သွားတတ်သည့် မျက်ဝန်းကျဉ်းကျဉ်းလေးတွေရယ်.....
ချစ်စရာ နှာတံလေးရယ်..........
ပန်းသွေးချယ်နေသော နှုတ်ခမ်းဖူးဖူးလေးရယ်........။
ထိုသို့သော အစိတ်အပိုင်းတစ်ခုဆီကို
ဖန်ဆင်းဖို့ ဖန်ဆင်းရှင်က အတော်အားယူခဲ့ပုံပေါ်သည်။

"ဟင်..."
Jiminအား သူဆွဲဖက်လိုက်လေတော့
ကုတင်ကိုမှီကာထိုင်နေသော သူ့ရင်ခွင်ဆီ
အသာလေးရောက်လာသည်။

"မောင်.....
ရေပတ်တိုက်နေတယ်လေ ငြိမ်ငြိမ်နေမှပေါ့"
မျက်စိရှေ့မှ အလှတရားလေးက နှုတ်ခမ်းလေးတထော်ထော်နဲ့ပြောနေတာမို့
သူ အသဲယားစွာ ဖျစ်ညှစ်မိ​ေတာ့သည်။

"ပြွတ်..."
အတိတ်တို့ကို ပြန်သတိရပြီး
ပထမဉီးဆုံး အကြိမ်နမ်းသော
လျှပ်တပြက် အနမ်း.....။
Jiminခေတ္တမျှ ကြောင်အမ်းသွားကာ
မျက်လုံးလေးအပြူးသားဖြင့် သူ့အား ကြည့်နေလေသည်။

"မောင်......ငါ.."
စကားပင် မဆုံးလိုက်သေး
လျှပ်တပြက် အနမ်းတို့ကို မွတ်မွတ်သိပ်သိပ် အနမ်းအဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။
ဒီအခြေအနေကို သူရော Jiminရော မငြင်းနိုင်ကြပေ။
နှစ်တစ်ထောင်စာ အလွမ်းတို့သည်
မောင့်ကျူးလစ်ငယ်လေး၏ နှုတ်ခမ်းအား
နူးညံ့စွာ နမ်းရှိုက်ခြင်းဖြင့် ပြေစေမည်လား။

Jeon's Love Story (Completed) Where stories live. Discover now