☄7☄

1.5K 183 23
                                    

Unicode

အတိတ်သည် အရာအားလုံး၏ စတင်ရာဆို
အခုရောက်ရှိနေတဲ့ မျက်မှောက်ကာလဟာဆိုရင်ဖြင့် ဘာဖြစ်လိမ့်မလဲ။

သူ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားမှုသည်
အဖက်ခံရသူ၏ ဖယ်ခွာလိုက်ခြင်းအောက်မှာ ပျောက်ဆုံးသွား ခဲ့ရသည်။

"မောင်...
မင်း ငါ့ကို မမှတ်မိဘူးလား"
မျက်ရည်များ တွဲခိုနေသော မျက်ဝန်းလှလှလေးတွေပိုင်ရှင် ကြွေရုပ်ကလေးမှ ပြောသောစကား။

"ဘာတွေပြောနေမှန်းမသိပေမဲ့
ဒီက တယောက်ကို ဘယ်သူမှန်း တကယ်မသိတာပါ"
ခံစားချက်တွေသည် ဟိုးအမြင့်ဆုံးထိ ပျံသန်းခဲ့ပြီးမှ အတောင်ကျိုး၍ ပြုတ်ကျခဲ့တာမျိုး။
တကယ်တမ်း သူလွမ်းနေခဲ့တာ
တကယ်တမ်း သူတွေ့ချင်နေခဲ့တာ
တကယ်တမ်း သူမလွှတ်တမ်း ပွေ့ဖက်ထားချင်မိတာ
နှစ်တစ်ထောင်စာ အလွမ်းတို့သည်
စာမစီနိုင်အောင်ပါပဲ။

ပြန်ရှာမလို့ပါ
အရာအားလုံး ပြန်စတင်မလို့ပါ
အတိတ်က ဝေးကွာခြင်းတွေအတွက် အခုလက်ရှိမှာ နီးနီးကပ်ကပ်လေး နေချင်ရုံပါ
သူ ဘာများမှားသွားလို့လဲ။

အိမ်ရှေ့စံတစ်ဖြစ်လဲ Jiminမှာ
စာရေးဆရာအား ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
ရင်ထဲမှ စကားလုံးတွေသည်
အပြင်ဘက်သို့ ပွင့်အန်မလာခဲ့။

"Jimin အဆင်ပြေရဲ့လား"
Hoseok Hyung က ပုခုံးကို ပုတ်ရင်း မေးသည်။
အခု သူ့အဖြစ်က အရူးတစ်ယောက်နဲ့ တူမနေဘူးလား။
အားလုံး၏ ထူးဆန်းအံသြတဲ့အကြည့်အောက်မှာ သူဟာ ယုန်သူငယ်တကောင်အသွင်။

"မင်း တကယ်ပဲ ငါဘယ်သူမှန်းမသိတာလား"
ကြွေရုပ်လေး၏အမေးကို သူ့မှာ အဖြေမရှိခဲ့ပါ။

"တကယ်ပါ ဘယ်သူမှန်းမသိလို့ပါ
အခုမှ Namjoon hyung တို့ခေါ်လာပြမှ မြင်ဖူးတာပါ"
Jung kook လိမ်ညာပြောနေခြင်းမဟုတ်ပါ။

ထိုကြွေရုပ်လေးကို ရင်းနှီးနေသယောင်ခံစားရပေမဲ့ တကယ်တမ်းမှာတော့ ဘယ်သူဆိုတာ စဥ်းစားလို့ကိုမရ။

"Jimin လာ ငါတို့တွေ
ထိုင်ပြီး ပြောကြတာပေါ့"
ဧည့်ခန်းအဝတွင် မတ်တပ်ရပ်ပြောနေသောကြောင့် အိမ်ရှင်ဖြစ်သူ Hoseok ကပင်
စကားဖြတ်လိုက်သည်။

Jeon's Love Story (Completed) Where stories live. Discover now