FINAL ☄26☄

2.1K 157 31
                                    

Unicode

Jung kook တစ်ယောက် အရာအားလုံး သတိရပြီးသည့်နေ့မှစကာ Park Jiminအား ရှာပုံတော်ဖွင့်ပါတော့သည်။

Hyung တို့ကလည်း သူ့အလုပ်နဲ့သူမို့ အပူမကပ်ချင်။ ဒါတောင် သူ့အား ကူညီကာ ရှာပေးနေကြသေးသည်။

"မောင့် Jiminလေးက အပုန်းကောင်းလိုက်တာဗျာ"
သူ အတိတ်တို့ကို မေ့သွားခဲ့မိလို့
ကံကြမ္မာက အပြစ်ပေးသည်လားမသိ။
ရှာဖွေနေမိသော်လည်း သတင်းအစအနပင်မကြားရပေ။

"ပြန်တွေ့မှာပါ
အားမလျှော့နဲ့နော်"

"ငါတို့လည်း စုံစမ်းပေးနေပါတယ်
စိတ်ဓာတ်မကျနဲ့နော်"
သူ Hyung တို့နဲ့ ညတိုင်းလိုလို Barမှာ ဆုံဖြစ်ကြသည်။
Bar ဆိုသော်လည်း Private roomထဲမှာ
သူတို့တွေချည်းသာ စကားပြောရင်း
သောက်ကြ စားကြခြင်းသာဖြစ်သည်။
အားလုံးသည်လည်း ကိုယ်ပိုင်အလုပ်ကိုယ်စီနှင့်မို့ ညပိုင်းအချိန်ကိုတော့ Jung kook အတွက် မဖြစ်မနေ အချိန်ပေးကြသည်။

Namjoon hyung ကလည်း အောင်မြင်နေတဲ့ စာရေးဆရာတစ်ယောက်ဖြစ်သလို
သူ့ချစ်သူ Kim Seok jin မှာလည်း ဒါရိုက်တာတစ်ဉီးပင်။
Hoseok hyung နဲ့ Yoongi hyung
ချစ်သူနှစ်ဉီးကတော့ company တစ်ခုရဲ့ ရာထူးကြီးကြီးနေရာမှာ အတည်တကျ။
သူဆိုလျှင်လည်း အဖေ့companyကို လက်လွဲယူကာ အုပ်ချုပ်နေသည်မို့။

"Jung kook မင်းမိဘတွေနဲ့ ဘယ်လိုပြန်တွေ့တာတုန်း"
Namjoon မေးလိုက်သည့်မေးခွန်းကြောင့် အားလုံးကညအဖြေကို တစ်ညီတစ်ညွတ်တည်း စောင့်နေသည့်အလား သူ့အားကြည့်လာသသည်။

"Jiminနဲ့ နောက်ဆုံး တွေ့ရတုန်းက
ကျွန်တော် ကားတိုက်ခဲ့တော့ ဆေးရုံရောက်သွားတယ် အဲ့ဒီမှာ ကျွန်တော် ငယ်ငယ်တုန်းက မွေးစားခံခဲ့ရတဲ့ ဂေဟာက မေမေကြီးနဲ့ ပြန်တွေ့ရာက စတာ"

"Jeon jung kook သားလေးမလား"

ဆေးရုံခုတင်ထက်တွင် လှဲလျောင်းနေရာမှ
သူ့နာမည်ခေါ်သံကြောင့် ကြည့်လိုက်မိသည်။

"မေမေကြီး"

"ကြည့်ပါအုံး ငယ်ငယ်က ယုန်သွားလေးနဲ့ ကောင်လေးက ထွားလာလိုက်များ"
မေမေကြီးက ဝမ်းသာမျက်ရည်တွေနှင့် သူ့ကို ကြည့်ကာ ဆိုသည်။

Jeon's Love Story (Completed) Where stories live. Discover now