Extra(⁠๑⁠♡⁠⌓⁠♡⁠๑⁠)

2K 158 33
                                    

Unicode

"မောင်"

"ဟင်"
Laptop ပေါ် လှုပ်ရှားနေသော လက်ကလေးများသည် တချက်ကလေးမျှပင် ရပ်တန့်ခြင်းမရှိသလို မျက်လုံးအကြည့်တို့ကလည်း သူ့ထံတွင်မရှိ။

"မောင့်"
သူ ဆောင့်ဆောင့်အောင့်အောင့် အော်လိုက်တော့မှ မောင်က သူ့အား လှည့်ကြည့်လာသည်။

"ကျစ်.....မျက်ရည်တွေ ဘာလို့ဝဲနေရတာလဲကွာ"

"ဘယ်မှာ ဝဲလို့လဲပြော"
မျက်ရည်မဝဲဘူးသာဆိုတယ် နှာခေါင်းထိပ်လေး‌တွေလည်း နီချင်နေပြီကို။
မောင့်ဂျီမင်းလေးက စိတ်မကောင်းဖြစ်နေပြီဆိုတာ သိသော်လည်း သူ စိတ်ပျော့သွား၍ မဖြစ်သေး။

"မျက်ရည်မကျနဲ့လေ
မောင် မကြိုက်ဘူး"

"မောင်  ငါ့ကို မချစ်တော့ဘူးမလား"

Jungkook ရီချင်စိတ်ကို တချက်ထိန်းလိုက်ရသေးသည်။ တကယ်တော့ သူ စနေခြင်းသာ။ ခရစ်စမတ်ရော နယူးရီးယားပါ နေမကောင်းဖြစ်နေ၍ မကျင်းပလိုက်ရတာမို့
မောင့်ဂျီမင်းလေး စိတ်တိုင်းမကျဖြစ်နေတာ သူ သိပါသည်။

"ဘယ်သူပြောလဲ
မောင်က မချစ်ဘူးလို့"

မပြုံးမရယ်မျက်နှာပေးနဲ့ သူ ဆိုလိုက်တော့ မျက်နှာလေးနီရဲသွားကာ သူ စိတ်ကောက်နေပြီဖြစ်ကြောင်း အရိပ်အမြွက်တွေ ပြနေသေးသည်။ သို့သော် သူမမြင်ချင်ယောင်ဆောင်နေလိုက်သည်။

မောင့်အချစ်....ခဏလေးပဲစောင့်။

"မောင်က ငါ့ကို တနေ့လုံး ဂရုမစိုက်ဘူး
ပြုံးလည်းမပြဘူး အဲ့အလုပ်‌တွေပဲ ဖိလုပ်နေတာ ပြောတော့ နယူးရီးယားပိတ်ရက် ယူထားတယ်ဆိုပြီး"

လာပါပြီ ကောက်စိန်လေးသည် နှုတ်ခမ်းလေးထော်ကာ သူ့အား ပြောလေပြီ။

ကျွန်တော်နဲ့ ဂျီမင်းတို့ နမ်ဆန်တာဝါမှာ တွေ့ပြီး နောက်လ ကျွန်တော့် မွေးနေ့မှာပင် မဂ်လာဆောင်လိုက်ကြသည်။
မဂ်လာဆောင်ကို အကြီးအကျယ်လုပ်ပေးချင်သော်လည်း ဂျီမင်းက မလုပ်ချင်ဘူးတဲ့လေ။

London က ကျွန်တော့်အဖေရော အမေရော မကန့်ကွက်ကြပေ။ ခက်ခဲတဲ့ ဆူးခယောင်းလမ်းကြီးအား ဖြတ်ကျော်ပြီးတဲ့နောက်မှာ အရာရာဟာ အဆင်ပြေတယ်ဟူ၍ပင်ဆိုရပေမည်။

Jeon's Love Story (Completed) Where stories live. Discover now