uni
့ဒဏ်ရာရသွားတယ့် မိုးစက်ဆိုတယ့် ကျောင်းဆရာလေးကို ဆေးထည့်ပေးပြီးမှ သူတို့နှစ်ယောက် ဦးတည်ရာက ရွာထိပ်ရှိသူတ်ု့ိရဲ့ နွေးထွေးတယ့်နေရာလေးဆီသို့ပင်။
ဧကရာဇ် လမ်းကိုကြည့်မလျှောက်ဘဲ ဖုန်းကို မျက်နှာမှာအပ်ထားတယ့် ဖိုးသားကိုကြည့်ပြီး သူ့တစ်ကိုယ်စာကြားရုံ သက်ပျင်းချကာ"ဖိုးသား လမ်းကြည့်လျှောက်"
"အင်း အင်းခနလေး ငါ ဟိုအစွာလေး တိမ်တိုက်နဲ့ စကားပြောနေတာကွ"
"အင်း"
ဖိုးသားဆီမှ ခနလေးဆိုသည့် အသံထွက်လာပါသော်လည်း လမ်းတလျှောက်လုံး ဖုန်းပဲကြည့်နေသည်မလို့ ဧကရာဇ်ကပဲ ဖိုးသားသွားမယ့်လမ်းကိုကြည့်ပေးကာ ချိုင့်တွေ ခဲတွေတွေ့ရင် သူ့ဘက်ဆွဲခေါ်ရတာအမောပင်။
အိမ်ပြန်ရောက်တော့ ဥက္ကာနဲ့ လရိပ်က သစ်သားခုံပေါ်မှာ အရိုးမရှိတယ့်သတ္တဝါလို ခပ်လျော့လျော့မှီထိုင်ပြီး လိုင်းသုံးနေကြသည်။
သူတို့ရှေ့က စားပွဲပေါ်မှာတော့ ဖောက်ပြီးသားနဲ့ မဖောက်ရသေးတယ့် အာလူးကြော်ထုပ်တွေနဲ့ အအေးဘူးတွေဆိုတာ ပလူပျံနေရော။
စားပွဲပေါ်က မုန့်တွေအရ ဒီရွာမှာ မရတာတွေမလို့ မြို့ကနေဝယ်လာတာဖြစ်မည်။မြို့နဲ့ရွာက အသွားအပြန် 5နာရီလောက်ကြာကာ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲပီး မြို့တစ်ခါတက်ဖို့ဆို ရေ လည်းတော်တော်သုံးရသည်မလို့ သာမန်လူတွေ မတက်ကြပေ။
ဥက္ကာအဖေ စပါးစရင်းတွေသွားရှင်းတာဖြစ်မယ်။ဖိုးသားနဲ့ဧကရာဇ် ဝင်လာတာတွေ့တော့ ဥက္ကာက ခေါင်းထောင်လာကာ
"ဧကရာဇ် မနက်က ငါ့အဖေမြို့သွားလို့ ဝယ်လာတာ ငါတို့ဖို့ ရေချိုးပြီးရင်ဆင်းလာနော် အဖေက မင်းကိုသေချာကျွေးဖို့ပြောလိုက်တယ်"
ဧကရာဇ်က သူ့ဘက်တစ်ချက်လှည့်ကြည့်ပြီး
"အင်း"
ဟုဆိုကာ ခေါင်းငြိမ့်ပြီး အပေါ်တက်သွား၏။
ဖိုးသား ဥက္ကာတို့်ထိုင်နေတယ့်နေရာရဲ့ ဘယ်ဘက်က ခုံပေါ်မှာဝင်ထိုင်လိုက်ပြီး သူ့ကိုကျ မုန့်စားဖို့မပြောဘဲ ဧကရာဇ်ကို ခေါ်နေတယ့် ဥက္ကာကို ထိုင်ကြည့်နေလိုက်သည်။
YOU ARE READING
PhoeNya
Любовные романыငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...