uni
7 Days later
မိုးစက် ရွာထဲက ကလေးတွေကို မုန့်ဝယ်ကျွေးပြီး အပြန် ထန်းရေဆိုင်ရှေ့ ဖြတ်လျှောက်လာတော့ သူမကြားချင်ဆုံး အသံတစ်သံကိုကြား လိုက်ရလေသည်။
"ဟေ့ အခြောက်ကလေး"
"တောက်စ်!"
မိုးစက် လှည့်ကြည့်လိုက်တော့ ဖိုးသားတို့အဖွဲ့က ပြုံးရီကာ လမ်းလျှောက်လာကြလေသည်။
"ဟက် မင်းတို့ခေါ်တယ့် အခြောက်လက်သီး က ဘယ်လောက်ပြင်းလဲ သိချင်ကြလား ခွပ်!"
လရိပ် သူ့ကို အကြောင်းမဲ့ သက်သက်လာထိုးတယ့် ရွာကိုအသစ်ရောက်လာတယ့် ဆရာလေးကြောင့် ဒေါသထွက်သွားကာ ပြန်ထိုးဖို့ပြင်လိုက်လေသည်။
ထန်းရေ ဆိုင်ထဲက မိုးစက် စာသင်ပေးနေတယ့် ကျောင်းသား အဖေတွေကပါ ပါလာကြပြီး နှစ်ဖွဲ့ ထိုးပွဲသတ်ပွဲတွေ ဖြစ်ကုန်ကြ၏။
_________________________________________
သူကြီးသူ့ရှေ့က ရွာကိုစာလာသင်ပေးတယ့် ဆရာလေးနဲ့တောင် ဖက်ဖြစ်တယ့် ဖိုးသားတို့ အဖွဲ့ကို ကွက်ပျစ်မှာနေရာပေးကာ ထိုင်ခိုင်းထားလေ၏။
သူမကျေနပ်ပေမယ့်လည်း ရွာရဲ့ ထိတ်တန်း မိသားစုရဲ့သားတွေမလား။ သူ့အပေါ်မှာလည်း ကျေးဇူးရှိတာမလို့ ဆရာလေးက်ို သူ့တို့နဲ့ထပ်မဖြစ်အောင် မျက်နှာချင်းဆိုင် သူ့ဘေးမှာထိုင်ခိုင်းကာ အကျိုးအကြောင်းမေးနေလေသည်။
ဆရာလေး မိုးစက်ကတော့ ဖိုးသားတ်ို့အုပ်စုကို အတူထိုင်ခိုင်းထားတာ မကျေနပ်ပုံ။ အေးလေ သူကရန်စခံရထားတာကိုး။
ဆရာလေးရော ဆရာလေးဘက်ကဝင်ကူတယ့် ကလေးအဖေ နှစ်ယောက်ရောက မျက်နှာမှာဒဏ်ရာတွေနှင့်ပင်။
ဖိုးဘက်တို့ဘက်ကလည်း သူမသာကိုယ်အသုဘပင်။
ဒါပေမယ့် ဘာဒဏ်ရာမှ မရတာဆိုလို့ ဖိုးသားတစ်ယောက်ထဲရှိလေသည်။
မိုးစက် သူ့ကိုအခြောက်လို့ ခေါ်တယ့် ဖိုးသားကိုမကျေပေ။ ဘာမှမဟုတ်ဘူး ဧကရာဇ်ကို ဟိုညက သူ ရေခဲတုံးကိုကို လို့ခေါ်တာနဲ့ ပတ်သက်ပြီး သူ့ကို သက်သက်မဲ့ ရန်စတာ။
YOU ARE READING
PhoeNya
Romanceငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...