uni
ဒေါ်သီတာ သူ့ရဲ့သားတော်မောင် ဖိုးသား က ဧကရာဇ်ကို ချော့ပေးဖို့ တစ်နေကုန်အိမ်မှာ အပူကပ်နေပေမယ့် သူ မသိချင်ယောင်ဆောင်ထားလိုက်သည်။
အဲ့ကောင်လေး တော်တော် ပွေတယ်။ ကောင်မလေးတွေဆိုလဲ တစ်ပတ်တစ်ပတ် မရိုးရအောင်ကို ထားပြီး ထန်းရည်လေးတမြမြနဲ့ ကြည့်လို့ကို မရဘူး။ မှတ်လောက်သားလောက်တယ့် အထိ ပစ်ထားလိုက်မယ်။
ဧကရာဇ်ကလည်း အဲ့ငပွေထိုးကို သဝန်မတိုဘူးလားမသိ။ တော်တော်ကို နေနိုင်လွန်း၏။ 10အောင်ပြီးချိန် ဖိုးသားကို မိန်းမပေးစားမယ်လုပ်တော့ ဖိုးသားကလည်း အကြောက်အကန်ငြင်းပြီး ဧကရာဇ်ကတော့ သူနဲ့နှစ်ယောက်ထဲ ရှိနေချိန် သူ့ရှေ့မှာ ဒူးထောက်ကာ သူဖိုးသားကို ချစ်နေကြောင်းနဲ့ ဖိုးသားကိုယ်တိုင်မိန်းမယူဖို့ ပြောတော့မှ ပေးစားပေးပါလို့ တောင်းပန်လေသည်။
သူလည်း အဲ့အချိန်တုန်းက တော်တော်ကို လန့်သွားတာ။ ဧကရာဇ်ကို စိတ်ဆိုးပြီး မျက်နှာချင်းတောင်မဆိုင်နိုင်တယ့် အထိပင်။ ဧကရာဇ် မြို့သွားတာတောင် မနှုတ်ဆက်နိုင်ဘဲ အိမ်ထဲမှာ နေမကောင်းဘူးပြောကာ နှုတ်မဆက်တယ့်အထိ။ ဧကရာဇ်ကလည်း သူမကြည်တာသိတာကြောင့် ကျောင်းပိတ်ရက်တွေမှာတောင် အိမ်ပြန်မလာပေ။
ဒါပေမယ့် ဖိုးသားနဲ့ ဧကရာဇ် ရည်းစားဖြစ်တယ်ဆိုတယ့်အသံတော့မကြားရပေ။ ကြည့်ရတာ ဧကရာဇ် က သူ့အချစ်ကို သိမ်းထားချင်ပုံရ၏။ သူတို့အရှုံးပေါ်ချိန် ဧကရာဇ်ကကူညီပေးပြီး ဧကရာဇ်ရဲ့ စတင်လုပ်ကိုင်နေပြီဖြစ်တယ့် car showroom အကြောင်းကြားလိုက်ချိန် ဒေါ်သီတာတစ်ယောက် အတော်ပင် လေးစားသွားရသည်။
ဆေးကျောင်းတက်ဖို့ပိုက်ဆံကိုလဲ သူ့ဘာသာသူရှာတယ့်အပြင် သူတို့ကိုပါကူညီနိုင်ပြီး carshowroom ပါ ဖွင့်ထားသည်တယ့်လေ။ သူသိသလောက်ကတော့ ဧကရာဇ် အမေကပိုက်ဆံတစ်ပြားမှ မပို့ပေ။ ပြီးတော့ ဧကရာဇ်ကို သူ့သားနဲ့ယှဉ်မိသည်အထိ သူ့သားလို ဘာအလုပ်မှမယ်မယ်ရရမရှိ မိဘလုပ်စာထိုင်ဖြုန်းပြီး ရည်းစားတွေ မှိူလိုပေါက်အောင်ထားတယ့်သူကို ဧကရာဇ်လိုလူက အရိပ်တကြည့်ကြည့်နဲ့ ချစ်နေသည်တယ့်လေ။
YOU ARE READING
PhoeNya
Любовные романыငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...