ep 44(uni&zg)

705 48 15
                                    

uni

ဥက္ကာ သူ့အမေ ဝယ်ပေးထားတယ့် ဆိုင်ကယ်ဖြင့် အောင်သိဒ္ဓိကို မောင်းလာခဲ့သည်။

လမ်းတစ်လျှောက်လုံး နေပူနေပေမယ့်လည်း သူ့လက်တွေ အေးစက်နေ၏။

ရင်ထဲမှာလဲ စိုးရိမ်မှုအပြည့်ပင်။

' သူ ရှိုင်းထက်အောင်နဲ့ ဘယ်လိုမျက်နှာချင်း ဆိုင်ရမလဲ? တွေ့ရင်ရော ဘာ စ ပြီးပြောရမှာလဲ? သူတို့အခြေအနေက နဂိုအတိုင်း ပြန်ဖြစ်လာမယ်မလား အဲ့ကောင်လေးက သူ့ကို သိပ်ကပ်တာ '

ဥက္ကာ ရှိူင်းထက်အောင်အကြောင်း တွေးမိတော့ သူတောင်မသိလိုက်ဘဲ ပြုံးမိသွား၏။

သူ အောင်သိဒ္ဓိကို ရောက်ဖူးပေမယ့် ရှိူင်းထက်အောင် ရဲ့ အိမ်ကိုတော့ မရောက်ဖူးခဲ့။

ဦးမောင် ရဲ့ အလုပ်ရုံကိုတော​့ ရောက်ဖူးပေမယ့် လွန်ခဲ့တယ့်နှစ်လ မတိုင်ခင်အထိ ရှိုင်းထက်အောင်ကို သူမမြင်ဘူးခဲ့ပေ။

ဦးမောင်တို့ အဘ တို့​ပြောလို့ နမည်တော့ ကြားဖူး၏။

အောင်သိဒ္ဓိရွာကို ရောက်တော့ ဥက္ကာ သူတို့ရဲ့ အလုပ်ရုံကို အရင်သွားလိုက်သည်။

ဦးခင်မောင်နေရာမှာ သူအစားဝင်ပြီး လာလုပ်ကြောင်း ပြောပြလိုက်ကာ ဆိုင်ကယ်နဲ့ အဝတ်တွေထုပ်ထားတယ့် လွယ်အိတ်ကို ယူလိုက်ကို အလုပ်ရုံမှာပဲ ထားခဲ့လိုက်ကာ ဦးမောင်တို့ အလုပ်ရုံဘက်ကို ထွက်လာခဲ့သည်။

သူတို့အလုပ်ရုံနဲ့ ဦးမောင်တို့ အလုပ်ရုံက သိပ်မဝေးပေ။

ရှိူင်းထက်အောင်ကတော့ အဲ့ဒီမှာ ရှိမယ်မထင်ဘူး။ အဲ့ကောင်လေးက အလုပ်လုပ်ရတာ ပျင်းတယ့်ကောင်လေး။

လွမ်းရိပ်မြေမှာတုန်းကလည်း သူအတင်းဆွဲခေါ်လို့သာ ယာထဲကို လိုက်ခဲ့တာ။

ဦးမောင်က ရှိူင်းထက်အောင် ကိစ္စနဲ့ ပတ်သက်ပြီး သူ့ကို အမြင်မကြည်ရင် ဘယ်လိုလုပ်မလဲ။

ဥက္ကာ စိုးရိမ်စွာ သက်ပြင်းချလိုက်၏။

အလုပ်ရုံထဲကို ဝင်ဝင်ချင်း စားပွဲမှာထိုင်ကာ စာရင်းတွေ စစ်နေပုံရတယ့် ပုံရိပ်လေးကြောင့် ဥက္ကာ ခြေလှမ်းတွေ ရပ်တန့်သွား၏။

PhoeNyaWhere stories live. Discover now