uni
ဖိုးသားနောက် လိုက်သွားတယ့် ဧကရာဇ်ကြောင့် လူကြီးတွေပြုံးစိစိဖြစ်သွား၏။
ဧကရာဇ်ကလည်း တောင့်တောင့်ဖြောင့်ဖြောင့် ဖိုးသားကလည်း အပျိုတွေအကုန်လုံး ခေါင်းငြိမ့်အောင်လုပ်နိုင်တယ့် ကောင်လေး။ လိင်တူဖြစ်တာကလွဲရင် သူတို့နှစ်ယောက်က တစ်ကယ်လိုက်၏။
ဖိုးသားဆိုရင်လည်း အခုမှလူရုပ်သူရုပ် ပေါက်တော့တယ်။
မီးဖိုချောင်ထဲရောက်တော့ ဖိုးသားကရပ်လိုက်၏။
"စစ် ဗိုက်ဆာပြီလား"
"ခင်ဗျား တော်တော်မြူစွယ်ချင်နေတာလား ညဧကရာဇ်"
သူမေးလိုက်တာကို ဖိုးသားက မေးခွန်းပြန်မေးလာတယ့်အတွက် ကြောင်သွား၏။
"ကိုယ်ဘာမှမလုပ်မိပါဘူး "
"ကျစ် "
ဖိုးသားက စုတ်သပ်ကာ အလှူအတွက် ချက်ထားတယ့် ဟင်းရည်အိုးကို လက်ညိုးထိုးပြလိုက်ပြီး
"ငါက ဒီဟာနဲ့စားရမှာလား ညဧကရာဇ်"
"မဟုတ်ဘူး ကိုယ်မင်းအတွက် သက်သက်ချက်ပေးထားတယ် အပေါ်တက်သွားလိုက် ကိုယ်ယူလာလိုက်မယ်"
"အင်း"
ဖိုးသားက ရှေ့ကတက်သွားကာ ဧကရာဇ်ကတော့ ဖိုးသားဖို့ မုန့်ဖက်ပန်းကန်ရယ် ဟင်းရည်ပန်းကန်ရယ်ကို ဗန်းထဲထည့်ကာ ဘေးကကျိုထားတယ့် နို့ခွက်ကိုတင်လိုက်ပြီး အပေါ်တက်သွားလိုက်သည်။
အပေါ်ဆုံးအထပ်ရောက်တော့ ဖိုးသားက viewကြည့်နေ၏။
ဧကရာဇ် ရောက်လာတာမြင်တော့ ခုံမှာဝင်ထိုင်လိုက်၏။
ဧကရာဇ်က ပန်းထဲကပန်းကန်တွေချကာ မုန်ဖက်ပန်းကန်ထဲကို ဟင်းရည်အတော်အသင့် ထည့်လိုက်ပြီး ဇွန်းနဲ့ န့ှံသွားအောင် မွှေပေးလိုက်သည်။
ဖိုးသားက ပန်းကန်ကိုသူ့ဘက် ဆွဲယူကာ viewကြည့်ရင်း စားနေ၏။
အားနေတယ့် ဧကရာဇ်ကတော့ ဖိုးသားမျက်နှာကိုသာ ထိုင်ငေးကြည့်နေ၏။
ဗိုက်ဆာနေလို့လားမသိ ခဏလေးနဲ့ သူထည့်ပေးထားတယ့် မုန်ဖက်တွေရော အိုးဘဲဥ၊ ငါးဖယ်တွေသာမက ဟင်းရည်တွေပါ အကုန်ပြောင်သွား၏။
YOU ARE READING
PhoeNya
Любовные романыငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...