uni
လရိပ် သူ့အားအလုပ်လာပေးကာ ထွက်သွားတယ့် ညီတော်မောင် ဧကရာဇ်ကို မချိပြုံးပြုံးပြကာ ဖိုးသားအိမ်ဘက်ကို ဦးတည်လိုက်၏။
ဖိုးသားအိမ်ရောက်တော့ ဖိုးသားက ကုတင်ပေါ်မှာထိုင်နေကာ မျက်လုံးတွေကတော့ ဟိုကြည့်လိုက်ဒီကြည့်လိုက်နှင့် တစ်ယောက်ယောက်ကို ရှာနေပုံပင်။
လရိပ်မျက်နှာမဲ့လိုက်ကာ ဧကရာဇ် ကျိုပေးသွားတယ့် နို့ခွက်ကို ဖိုးသားကိုလှမ်းပေးလိုက်ရင်း
"ရှာမနေနဲ့ မင်းလင်ကသွားပြီ"
"ဘယ်သူကရှာလို့လဲ ဘယ်သွားတာလဲသူက"
"မြို့တက်သွားတာ ဘယ်သွားမလဲ ဘယ်တော့ပြန်လာမလဲတော့ ငါလည်းမသိ"
"သူကဘာေxာက်ကြောင်းနဲ့ သွားရတာလဲ"
လရိပ်သူ့ကို မျက်မှောင်ကြုတ်ကာမေးနေသော ဖိုးသားကိုခေါင်းခါပြလိုက်၏။
ဖိုးသားက သူကမ်းပေးနေတယ့် နို့ခွက်ကိုကြည့်ပြီး
"လွှတ်ပြစ်လိုက် တိုက်ချင်ရင်လူကိုယ်တိုင် လာတိုက်လို့ပြောလိုက်"
"မင်းကလည်းကွာ"
"မသောက်ဘူး "
"ဒေါ်လေးပြောပေးပါဦး"
ဖိုးသားအမေ ဒေါ်သီတာကို တပ်ကူခေါ်လိုက်တော့ ဒေါ်သီတာက ဖိုးသားလက်ကိုပုတ်ကာ
"သားရယ် သောက်လိုက်ပါ"
"မသောက်ဘူး အမေ လွှတ်ပြစ်လိုက်"
"ဟင်း"
တိုက်လို့မရမှန်းသိရဲ့နဲ့ တိုက်နေတယ့် သူတို့အမှားလား ဧကရာဇ်တိုက်မှသောက်တာကို သိရဲ့နဲ့ တိုက်ခိုင်းတယ့် ဧကရာဇ်အမှားလားတော့ မသိတော့ပေ။
"ငါမနက်ဖြန်ကစပြီး အလုပ်ရှိလို့မလာဖြစ်တော့ဘူး ဒီဘက်ကို လိမ်လိမ်မာမာနေ"
"မင်းပြောစရာမလိုပါဘူး"
"အေးပါ"
'မင်းတို့နဲ့တော့ စိတ်တွေလဲ လေပါတယ်ဖိုးသားရာ"
......................
လရိပ်ကို အကူညီတောင်းခဲ့ကာ ဧကရာဇ်မြို့ပေါ်ကိုတက်လာခဲ့သည်။
YOU ARE READING
PhoeNya
Любовные романыငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...