uni
ဒေါ်ရွေပိုးအိမ် တနည်းအားဖြင့် သူ့မာမီ။ သူ့အဖေနဲ့ သူ့အမေက မိဘချင်းပေးစားလို့ လက်ထပ်လိုက်ရပေမယ့် ငယ်ချစ်ဦးတွေကိုတော့မမေ့နိုင်ကြပေ။ အဲ့ကိစ္စကြောင့် သူတို့မိဘတွေက တစ်နှစ်လုံးမှာ 11လနဲ့ ရက်20လောက်စကားများကြသည်။ မာမီ့အချစ်ဦးက မာမီလက်ထပ်ကတည်းက ခြေရာဖျောက်သွား၏။ ဒါပေမယ့်သူ့အဖေကတော့ မာမီရှိတာတောင်မှ သူ့အချစ်ဦးနဲ့ခိုးတွေ့တတ်သည်။ သူ့အသက်နှစ်နှစ်ခွဲမှာ မာမီက သူ့အဖေနဲ့ အဖေ့အချစ်ဦး ဒေါ်ခတ္တာဖောက်ပြန်နေတာကို သိသွားပြီး အဖေ့ကိုကွာရှင်းကာ မြို့တက်သွား၏။
သူ့အဖေကလည်း အဲ့အခွင့်အရေးကို စောင့်နေတာမလို့ မာမီနဲ့ကွာရှင်းပြီးတာနဲ့ ချက်ချင်း ဒေါ်ခတ္တာကို အိမ်ပေါ်ခေါ်တင်လာခဲ့သည်။ မာမီရှိတုန်းက မာမီကပဲ သူတို့ဝေယျာဝိစ္စတွေကို လုပ်ပေးပြီး သူတို့အဖေကတော့ သူတို့ကိုဂရုမစိုက်ဘဲ ပိုက်ဆံဘဲပေးတာကြောင့် သူတို့ညီကိုက အဖေထက် မာမီ့ကိုပိုခင်တွယ်ကြသည်။ ရုတ်တရက်မာမီ မရှိတော့တယ့်အချိန်မှာတော့ သူ့ထက်စက္ကန့်သုံးဆယ်ငယ်တယ့် သူ့ညီနေမင်းဧကရာဇ်က တနေကုန်ငိုနေကာ ဘာလုပ်ပေးပေးမတိတ်တော့ပေ။
နှစ်နှစ်ခွဲဆိုတယ့်အရွယ်က ဘာမှနားမလည်သေးတာမလို့လည်းပါလိမ့်မည်။ ဒေါ်ခတ္တာအိမ်ပေါ်တက်လာတော့ ဒေါ်ခတ္တာမှာလည်း သူတို့နဲ့ရွယ်တူ အသားမဲမဲနဲ့ကလေးတစ်ယောက်ပါလာ၏။ သူ့ညီနေမင်းဧကရာဇ်ကတော့ အဖော်ရတာနဲ့ပျော်ပြီး အဲ့ကလေးအနားပဲကပ်နေတတ်၏။ ဒေါ်ခတ္တာကတော့ သူ့သားလရိပ်နားကို နေမင်းဧကရာဇ်ကပ်တာလုံးဝမကြိုက်။ ဒါပေမယ့်လရိပ်ကတော့ ဒေါ်ခတ္တာအလစ်ကို စောင့်ကာ သူတို့နဲ့လာလာဆော့တတ်၏။
အဲ့နေ့က သူတို့ညီအကိုမွေးနေ့ တစ်နည်းအားဖြင့် သူအမုန်းဆုံးနေ့။ 9လပိုင်း 25ရက်နေ့။ လရိပ်မွေးနေ့လည်းဖြစ်တာမလို့ ဒေါ်ခတ္တာက လရိပ်အတွက်မွေးနေ့ပဲလုပ်ပေးတာကြောင့် နေမင်းဧကရာဇ်က အရမ်းပျော်နေ၏။ သူတို့မာမီရှိတုန်းကလဲ အခုလို ပွဲတွေလုပ်ပေးတာပဲမလား။ ထူးထူးဆန်းဆန်းသူ့ကိုဆို အမြင်မကြည်တယ့် ဒေါ်ခတ္တာက အဲ့နေ့မှာတော့ သားဟုခေါ်ကာ ပစ္စည်းတစ်ခုသွားဝယ်ခိုင်း၏။ သူပြန်ရောက်တော့ လူတွေဝိုင်းအုံနေတယ့် အလယ်မှာ သွေးတွေနဲ့လဲကျနေတယ့်သူ့ညီကို မြင်လိုက်ရတယ့်မြင်ကွင်းသည် ယနေ့ချိန်ထိ သူ့ဦးနှောက်ရဲ့တစ်နေရာမှာ နေရာယူနေတုန်းပင်။
YOU ARE READING
PhoeNya
Любовные романыငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...