uni
ဧကရာဇ်နောက်ကို လိုက်သွားတယ့် ဖိုးသားကျောပြင်ကို ကြည့်နေတယ့် မျက်ဝန်းနှစ်စုံကတော့ ခိုင်မာတယ့်ဆုံးဖြတ်ချက်တွေ ဖြတ်ပြေးသွားကြ၏။
အိမ်ထဲမှာဒေါ်လေးစိန်နဲ့ စကားပြောနေတုန်း ဖိုးသားကရောက်လာကာ ဘာမပြောညာမပြောနဲ့ ဧကရာဇ်လက်ကိုဆွဲကာ အိမ်နောက်ဖေးခြံထဲကို ခေါ်သွား၏။
ကုက္ကိုပင်အောက်မှာရပ်လိုက်ပြီး ဧကရာဇ်လက်ကို ဆောင့်လွှဲချလိုက်သည်။
"မင်းဘယ်လိုတွေ ဝတ်လာတာလဲ ညဧကရာဇ်!"
"လူလိုဝတ်လာတာလေ"
"တောက်စ်! ညဧကရာဇ်!!! "
"ငါ့ကိုလာအော်မနေနဲ့ ငါ့ခန္ဓာကိုယ်ပေါ်မှာ ဘာဝတ်ဝတ် မင်းေxာက်ကြောင်းမဟုတ်ဘူး"
"ဟ ဘာလို့ငါ့အကြောင်းမဟုတ်ရမှာလဲ မင်းကငါ့သူငယ်ချင်းလေ"
"ဘယ်သူငယ်ချင်းက အဲ့လောက်ထိ ကြည့်ပြောတာမင်းမြင်ဖူးလို့လဲ ဟိုနေ့ကမင်းပြောသလိုပဲ ေxာက်ကြောင်းမရှိေxာက်ကြောင်း ရှာမနေနဲ့"
"ငါမင်းကိုဘယ်တုန်းက ေxာက်နဲ့နှိုင်းဖူးလို့လဲ"
ဧကရာဇ်က စကားပြန်မပြောတော့ဘဲ သူ့ကိုတစ်ချက်ကြည့်ကာ အိမ်ထဲသို့ဝင်သွား၏။
ဖိုးသား သူ့ဖုန်းကိုပြန်ရှာကြည့်တော့ မနေ့က callတွေထဲမှာ ထိပ်ဆုံးကဖြစ်တယ့် 'ဧကရာဇ်' ဆိုတယ့်နမည်ကို ဘေးမှာcrownပုံစံနဲ့ မှတ်ထားတယ့် callတစ်ခု။
'ကျစ် အဲ့တာဆိုမနေ့က ငါပြောလိုက်တာ ဧကရာဇ်ပဲ တောက်စ်! '
တကယ်တော့ဖိုးသားက တစ်ခြားသူထင်လို့ အဲ့လိုပြောလိုက်ရခြင်းပင်။
ဖိုးသားအပြင်ဘက်ကို ပြန်ထွက်လာတော့ ဧကရာဇ်က ဥက္ကာတို့ ရိုှင်းထက်တို့နဲ့ ပြုံးကာရယ်ကာ စကားပြောနေကြသည်။
"ဧကရာဇ်!!!"
" လရိပ်နဲ့ ကိုစက်ပိုင်လာလေ"
"မလာတော့ဘူး ဥက္ကာရေ မမှောင်ခင်ပြန်ရမှာမို့လို့ "
ဧကရာဇ် စီနီယာ့ဆီသွားလိုက်တော့ စီနီယာက အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်ပြီး ဧကရာဇ်ကိုပေးလိုက်သည်။
YOU ARE READING
PhoeNya
Любовные романыငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...