uni
ဧကရာဇ် ရွာပြန်ရောက်တော့ အိမ်တန်းမပြန်သေးဘဲ ဆေးပစ္စည်းတွေကို သွားသိမ်းဖို့ ဆေးခန်းကိုထွက်လာခဲ့သည်။
ဆေးခန်းရှေ့ရောက်တော့ နှင်းဝေက ကောင်မလေးတစ်ယောက်ကို တွဲထားပြီးရပ်နေလေသည်။
ဘေးနားက ကောင်မလေးကြည့်လိုက်တော့ ခြေချင်းဝတ်ကိုကိုင်ကာ မျက်နှာရှုံ့မဲ့နေ၏။ ဒီရွာကတော့ဟုတ်ပုံမပေါ်ပေ။
"နှင်းဝေ ဘာကိစ္စရှိလို့လဲ"
"doctor လာမှလာပါ့မလားလို့ နှင်းဝေတို့ကစောင့်နေတာ ဒီမှာလေ ဒေါ်လေးစိန် ငှါးထားတယ့်နတ်အဖွဲ့က နတ်ခေါင်းစွဲရဲ့သမီးလေ ချော်လဲပြီး ခြေချင်းဝတ်လိမ်သွားလို့ "
"အော် ဝင်ခဲ့လေ"
ဧကရာဇ်က သော့ဖွင့်ပြီး အထဲအရင်ဝင်ကာ ပစ္စည်းတွေကို ဘေးကကုတင်ပေါ်တင်ထားပြီး လက်အိတ်ဝတ်လိုက်သည်။
ပြီးတာနဲ့ခုံမှာထိုင်နေတယ့် နတ်အဖွဲ့ကကောင်မလေးရဲ့ ခြေထောက်ကိုကြည့်လိုက်တော့ ထမီကိုခြေမျက်စိဖုံးတယ့်အထိ ဝတ်ထားတာမလို့ မမြင်ရပေ။
"ညီမ ညီမ"
သံသာ အဖေက ရွာဘက်ကိုသွားမယ်ပြောတာကြောင့် အဒေါ်တွေပါခေါ်ပြီးလိုက်လာခဲ့လေသည်။ ရွာအခြေနေမသိဘဲ ဖိနပ်ကို ကတီပါအမြင့်တွေပဲယူလာတာမလို့ ရွာရောက်တယ့်အချိန် ခြေချလိုက်တာနဲ့ လမ်းတစ်လျှောက်လုံး မညီတယ့်မြေ ၊ ချိုင့်တွေ ၊ ခဲတွေက ဆီးကြိုနေလေသည်။ အစတုန်းကတော့ အဒေါ်တွေနဲ့ လျှောက်တာမလို့ အဆင်ပြေပေမယ့် အဒေါ်တွေက နတ်ပွဲပေးတယ့်အိမ်မှာ အလုပ်ကူလုပ်ပေးဖို့ကျန်ခဲ့ပြီး သံသာကတော့ သူကြီးအိမ်မှာတည်းဖို့ သူကြီးသမီးနှင်းဝေ ခေါ်ရာနောက်လိုက်သွားချိန်မှာတော့ ခြေချော်ကာ ခြေချင်းဝတ်လိမ်သွားတာကြောင့် ဆေးခန်းကိုလာတော့လဲ ဆရာဝန်ကမရှိတယ့်အပြင် ခြေထောက်ကပါ တဆစ်ဆစ်နာနေတာမလို့ စိတ်ညစ်ကာ မျက်နှာရှူံ့မဲ့နေ၏။
ခဏကြာတော့ သူကြီးသမီးနှင်းဝေရဲ့ ဆရာဝန်ကိုပြောနေတယ့် အသံကြားလိုက်ရတော့ စိတ်တိုပြီးပြောမယ်အလုပ် ကြည့်လိုက်တော့ shirtလက်ရှည်အဖြူနဲ့ ပုဆိုးကို ဝတ်ထားတယ့် ထိုအမျိုးသားရဲ့ရုပ်ရည်ကလည်း တည်တည်ကြည်ကြည်နဲ့ သူ့လိုplayboy တွေကိုအရမ်းမုန်းတယ့်သူအဖို့ ရှေ့ကဆရာဝန်ဆိုတယ့်သူက ideal typeပင်။ အင်း အဖေနဲ့လိုက်လာတာ ဒီတစ်ခါ အဖိုးမဖြတ်နိုင်တယ့်အရာကောက်ရလိုက်သလိုပင်။
YOU ARE READING
PhoeNya
Любовные романыငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...