ep 38(uni&zg)

737 36 14
                                    

uni

ဧကရာဇ် ပူနေတယ့်မျက်နှာကို ဂရုမစိုက်စွာ အပေါ်ထပ်ကိုခပ်မြန်မြန်သွားလိုက်သည်။

အောက်ထပ်က စစ်ရဲ့ ရီသံခပ်သဲ့သဲ့ကြောင့် သူအပူချိန်ပိုတိုးလာသလို ခံစားရ၏။

သူ အခန်းတံခါးကို ဖွင့်လိုက်ပြီးမှ ဟိုဘက်ခန်းမှာ ပြောင်းနေတာကို သတိရသွားတော့ ခုနကလေးတင် နီရဲနေတယ့်မျက်နှာက ဝမ်းနည်းရိပ်သန်းသွား၏။

ဧကရာဇ် အခန်းတံခါးကို ပြန်ပိတ်လိုက်ကာ ဘေးကအခန်းထဲဝင်လိုက်သည်။

သူ ဗီရိုထဲက ဖုန်းအနက်တစ်လုံးယူကာ ကိုသော်ဇင့်ဖုန်းကို ခေါ်လိုက်ပြီး တစ်ခုခုရှိရင်ဒီဖုန်းကို ခေါ်ဖို့ပြောလိုက်သည်။

သူက စိတ်လက်တစ်ဆစ်မလို့ တစ်ခါတလေ သူ့ဖုန်းတွေကလည်း သူ့စိတ်ဖြေရာအဖြစ် နံရံနဲ့သွားသွား မိတ်ဆက်တတ်တာကြောင့် အိမ်မှာ ဖုန်းနှစ်သုံး သုံးလုံးကတော့ အပိုဆောင်ထားရသည်။

ဖုန်းကို ခုံပေါ်တင်လိုက်ပြီး  အပူကျသွားပေမယ့် ပင်ပန်းပြီး ခန္ဓာကိုယ်က နာကျင်နေသေးတာကြောင့် အကျီ်ကြယ်သီး နှစ်လုံးလောက်ဖြုတ်ကာ အိပ်ယာပေါ်မှာ လှဲချလိုက်၏။

ခုနက ကားပေါ်မှာလည်း အိပ်ထားပေမယ့် မူးနေသေးတယ့်ခေါင်းကြောင့် သူထပ်အိပ်လိုက်သည်။

ဖိုးသား အောက်ဆင်းမလာတယ့် ဧကရာဇ်ကြောင့် သူအပေါ်ပဲ တက်သွား၏။

သူတို့အခန်းကို ဖွင့်လိုက်ပြီးမှ ဧကရာဇ် ဟိုဘက်ခန်းပြောင်းသွားတာကို သတိရသွားပြီး ဘေးခန်းရှေ့မှာရပ်နေကာ အတန်ကြာပြီးမှ တံခါး​ကိုဖွင့်၏။

ဒီအိမ်မှာနေကတည်းက ဧကရာဇ်က အခန်းတွေကို သော့မခတ်တတ်ပေ။

အိမ်ထဲမှာ သူတို့နှစ်ယောက်ပဲ ရှိလို့ထင်သည်။

အိပ်ယာပေါ်မှာ ခပ်ကွေးကွေးအိပ်နေတယ့် ဧကရာဇ်က manlyဆန်ကာ ကြည့်ကောင်း၏။

တစ်ခြား gayတွေလိုနွဲ့လျနေတာမျိုး မဟုတ်ဘဲ တည်တည်ကြည်ကြည်ရှိ၏။ သို့သော် ဧကရာဇ်က ဘာလို့အဲ့ဒီလို ဟာတွေကိုလုပ်ရတာလဲ ဆိုတာတော့သူနားမလည်။

PhoeNyaWhere stories live. Discover now