uni
"မင်းက ဘယ်သူလဲ ဘာလို့ငါ့ဘေးမှာလာထိုင်တာလဲ "
မျက်မှောင်ကြုတ်ကာ ပြောလာတယ့် အမူးသမားလေးအား သူ နဖူးကို ခပ်ဆတ်ဆတ်လေး တောက်လိုက်၏။
"အာ့ "
"မင်းယောကျ်ားက မင်းဘေးနားလာထိုင်တာ ဘာဖြစ်သွားလို့လဲ သားစစ်ထွဋ်"
"မင်းယောကျ်ား မင်းက ယောကျ်ားရှိတာလား"
"ဟမ် မဟုတ်ဘူးလေ ငါက မင်းယောကျ်ားလို့ပြောတာ "
"အော် မင်းနမည်က မင်းယောကျ်ားလား "
ဧကရာဇ် တကယ်စိတ်လေသွား၏။ ဒီအမူးသမားလေးကတော့လေ။ ထန်းရည်မူးရင်တောင် ဒီလောက်ထိမရစ်။ ဘီယာသောက်တာ များသွားလို့ထင်သည်။
ဧကရာဇ် စစ် မျက်နှာကို သူနဲ့မျက်နှာချင်းဆိုင် ဖြစ်အောင်လုပ်လိုက်ပြီး
"ဒီမှာကြည့် ငါက မင်း ရဲ့ ယောကျ်ား ညဧကရာဇ် "
"မလိမ်နဲ့ "
"ဟင်"
မလိမ်နဲ့လို့ ပြောလာတယ့် စစ် ကြောင့် သူကြောင်တောင်တောင်နှင့် 'ဟင်' ဟုပြောမိသွားသည်။
" ဧကရာဇ်က ဒီနောက်ပိုင်း ငါ့ကို 'စစ်'လို့ပဲ ခေါ်တာ "
"ဒါပေမယ့် ကိုယ်မင်းကို စိတ်ဆိုးနေတုန်းလေ"
" ငါကဘာလုပ်လို့လဲ "
" မင်းဒဏ်ရာ ရလာတယ်လေ စစ်"
"အဲ့တာ မတော်တဆဖြစ်သွားတာလေ ငါလဲတမင် ပြဿနာရှာတာမှ မဟုတ်တာ သူတို့က ငါတန်ဖိုးထားတယ့်အရာကို လာထိတာလေ "
"ဘယ်အရာမလို့ အဲ့လောက်ထိပြင်းပြင်းထန်ထန် ဖြစ်သွားရတာလဲ "
"မင်း"
"ဟမ် "
" မင်းကိစ္စမဟုတ်ဘူး "
" ပြီးရောကွာ ဒါပေမယ့် မင်းကိုယ်ပေါ် ဒဏ်ရာရတာ ကိုယ်မကြိုက်ဘူး နောက်တစ်ခါ ဘာဒဏ်ရာမှ ရမလာစေနဲ့ "
"အင်း "
" ပင်လယ်စာတွေ အများကြီးမစားနဲ့ ဗိုက်အောင့်လိမ့်မယ် "
"မင်း ဘယ်သူနဲ့မှ နီးနီးကပ်ကပ်မနေနဲ့ "
"ကိုယ် ပြောတာ အရင်နားထောင် ပင်လယ်စာမစားနဲ့တော့ "
YOU ARE READING
PhoeNya
Romanceငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...