uni
"မုန့်ကျွေးပြီးချော့ရအောင် ငါက ကလေးလား ရိူင်းထက်အောင်"
"ကိုကိုကလည်း"
"တော်တော့ နားညည်းတယ် ခဏခဏပြောမနေနဲ့"
"ဟွန့်"
"ကိုစက်ပိုင်လည်း ရောက်နေတာလား"
"ဟုတ်တယ် ဥက္ကာ လရိပ်အဖေ သွေးတိုးလို့လာကြည့်ပေးတာ ဟိုငမွေသီး ဥက္ကာကို ဘာတွေမွှေနေတာလဲ"
"ကိုကြီးစက်ပိုင်ကလဲဗျာ ကျွန်တော်က ကိုကို့ကိုဘာလို့ မွှေရမှာလဲ"
စက်ပိုင်ကိုပြောတယ့်အသံသည် ခုနက သူ့ကိုကို ဥက္ကာကိုချော့တယ့်အသံနှင့် 100%ကွာခြားနေ၏။
"ဟုတ်ပါပြီ ကိုယ်တော်ချောရယ် ရန်ဖြစ်သံတော့မကြားရတော့ဘူးနော် သူကြီးသားအဆိုးလေး အေးပေါ့ အချစ်နဲ့တွေ့တော့လည်း ချစ်တယ့်သူမကြိုက်တာတွေ ရှောင်ရတာပေါ့ အဟွန်း"
"ကိုကြီးစက်ပိုင်ကလည်းဗျာ"
"သူကြီးသားအဆိုးလေးက ရှက်တတ်တယ်တယ့်လား "
"အကို ကျွန်တော်ခေါင်းမူးလာလို့ ဆေးပေးပါလား"
"ရိူင်းထက်အောင် အကျီ်ႋလဲဖို့ အခန်းထဲလိုက်ခဲ့"
ရိူင်းထက်အောင်ကို ပါးစပ်ကလည်းပြောရင်း ဆွဲခေါ်သွားတယ့် ဥက္ကာကိုကြည့်ပြီး စက်ပိုင်ခပ်ယဲ့ယဲ့ပြုံးလိုက်ကာ ခေါင်းမူးတယ်ဆိုတယ့် တစ်ယောက်ရဲ့နဖူးကို တောက်လိုက်၏။
"အာ့"
"နည်းတောင်နည်းသေးတယ် နေပူထဲပြေးလာတာ ဦးနှောက်သွေးကြောပါပြတ်မှာ "
"အကိုကလဲ အားကြီးနဲ့ ကျွန်တော့နဖူးနီသွားပြီ"
"ဟုတ်လားပြပါဦး ဘယ်နားမှာနီသွားတာလဲ ပတ္တပြားခဲလေးရဲ့"
"မစပါနဲ့ဗျာ ဒီမှာတစ်ကယ်နာသွားတာ "
"မစပါဘူး ပြလေ ဘယ်နားနာတာလဲကို အဲ့တာမှဆေးထည့်ပေးလို့ ရမှာပေါ့ ကျီးကန်းကိုယ်တော်ရဲ့"
"တော်ပြီ ကျွန်တော်ဆေးမသောက်တော့ဘူး"
" ဟားဟား မစတော့ဘူး တကယ်ပြောတာ မင်းskin careလိုက်ရင်တော့ ငါ့ညီမကပြန်ကြိုက်ရင် ကြိုက်လာမှာပါ"
YOU ARE READING
PhoeNya
Любовные романыငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...